လူငယ်ပညာရှင်များကို အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ် ပျိုးထောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်
လူငယ်ပညာရှင်များကို အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ် ပျိုးထောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 24, 2025
နေပြည်တော် နိုဝင်ဘာ ၂၃
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် နိုဝင်ဘာ ၂၁ ရက်တွင် လှိုင်မြို့နယ်ရှိ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု အိုင်တီလူငယ်ပညာရှင်များကို အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ် ပျိုးထောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး ကျောင်းဖွင့်ချိန်အမီ စာသင်ခန်းနှင့် ကွန်ပျူတာစက်ခန်းများ ပြင်ဆင်ထားရှိမှု၊ တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းဖွင့်ချိန်အမီ စာသင်ခန်းများနှင့် ပုံဆွဲခန်းများ၊ လက်တွေ့ခန်းများ ပြင်ဆင်ထားရှိမှု၊ ကျောင်းသားအဆောင်များ ပြင်ဆင်ထားရှိမှု၊ စာကြည့်တိုက်၊ ပင်မစာသင်ဆောင်အနီးဝန်းကျင်နှင့် တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ အင်ဂျင်နီယာ နည်းပညာကဏ္ဍ၌ နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ နောက်ကျမကျန်ခဲ့စေရေးနှင့် နိုင်ငံ့အကျိုးပြု သုတေသနစီမံကိန်းများဖြင့် ရှင်သန်သက်ဝင်သော တက္ကသိုလ်ဖြစ်စေရေး မှာကြားပြီး ပထမနှစ်ကျောင်းအပ်နှံနေမှုကို ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၌ ပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်က အားထားရသော မျိုးဆက်သစ်အင်ဂျင်နီယာများ မွေးထုတ်နိုင်ရေး မှာကြားသည်။
မှာကြား
ယင်းနောက် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ) ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဌာနများ၊ အလုပ်ရုံများ၌ ကျောင်းသား ကျောင်းသူများ လက်တွေ့လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုအားပေးကာ ထူးချွန်ကျောင်းသားများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး နိုင်ငံတော်က အခမဲ့အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည်ကို တန်ဖိုးထား လေ့ကျင့်ကြရန်နှင့် ပြည်သူကို အမှန်တကယ်အလုပ်အကျွေးပြုနိုင်သည့် ဗလငါးတန်နှင့် ပြည့်စုံသော ပညာရှင်များဖြစ်စေရေး ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၃၅၉ ခု
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
