လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်စတင်ခြင်း အခမ်းအနားကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 24, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၂၃

“လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက် စတင်ခြင်းအခမ်းအနား”ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက Online ဖြင့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မကြာမီတွင် ဆောင်းအကုန်နွေအကူးကာလကို ရောက်ရှိမည်ဖြစ်သည့်အတွက် နွေဦးရာသီအစနှင့် မုတ်သုံအဝင်ကာလများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး လေပြင်းဘေးကြောင့် ထိခိုက်ပျက်စီးမှုသည် အများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေဖြင့်လည်း လေတိုက်နှုန်းပေါ်မူတည်ပြီး လေပြင်းတိုက်ခတ်နိုင်မှုများ၊ မုန်တိုင်းဖြစ်ပေါ်နိုင်မှုများကို အဆင့်များသတ်မှတ်အသိပေးလျက်ရှိကြောင်း၊ လေပြင်းတိုက်ခတ်မှုများကြောင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခုတွင် နေအိမ်ပေါင်း ၂၃၇၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အဆိုပါထိခိုက်ပျက်စီးမှုများ လျော့နည်းစေရန်အတွက် လေပြင်းဘေးဖြစ်ပွားမှုများပြားခဲ့သည့် ဒေသများကိုရွေးချယ်ပြီး လေပြင်းဒဏ် ပိုမိုခံနိုင်ရည်ရှိသည့် အိုးအိမ်များဖြစ်စေရေး အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းများကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်က စတင်၍ နှစ်စဉ်ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုတွင် နေအိမ်ပေါင်း ၇၅၀၀၀ ကျော်ကို ငွေကျပ် ၂ ဒသမ ၇ ဘီလီယံကျော်ကျခံ၍ အားဖြည့်၊ မွမ်းမံဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့ နေအိမ်များ အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းနှင့်အတူ လေပြင်းဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကိုပါ တစ်ပါတည်း ထည့်သွင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်မည့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက်ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးများက မန္တလေးတိုင်းဒေသကြီး ရမည်းသင်း ခရိုင် ပျော်ဘွယ်မြို့နယ် ဂွေးဇီးကျေးရွာ၌ လေပြင်းဒဏ်ခံနိုင်ရည် အားနည်းသည့်နေအိမ်များမွမ်းမံခြင်း လက်တွေ့ဆောင်ရွက်နေမှု၊ ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် တောင်ရပ်ကွက်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်နေမှုနှင့် လက်ကမ်းစာစောင်များဖြန့်ဝေနေမှု၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်ကန်စုကျေးရွာ၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နေမှုနှင့် နေအိမ်ကြံ့ခိုင်ရေးဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို ပြောကြားပြီး စီမံချက်ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုတွင် နေအိမ်ပေါင်း ၇၅၀၀၀ ကျော်ကို ရန်ပုံငွေကျပ် ၂ ဒသမ ၇ ဘီလီယံကျော် ကျခံသုံးစွဲ၍ အားဖြည့်မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း ယခင်နှစ်များနည်းတူ တိုင်းဒေသကြီး၊ ပြည်နယ်ခုနစ်ခုတွင် နေအိမ်ပေါင်း ၁၁၀၂၀ လုံးကို ရန်ပုံငွေကျပ် ၇၅၂ ဒသမ ၄၀၀ သန်းဖြင့် အားဖြည့်မွမ်းမံမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၆၅ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download