လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေသည့်အခြေအနေများအား ပြည်သူများသို့ အသိပေးတင်ပြခြင်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 25, 2026
image_latest


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများ လျှပ်စစ်နှင့် စွမ်းအင်ကို ကြောင့်ကြကင်းစွာ အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် စီမံကိန်းများအနက် အချို့သည် အမျိုးမျိုးသော နှောင့်ယှက်ဟန့်တားမှု၊ ပယောဂများကြောင့် အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိဘဲ ပြည်သူလူထုလိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိပါသည်။

တစ်ဖက်တွင်လည်း ပြည်သူလူထု၏ သုံးစွဲလိုမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လာသည်ဖြစ်ရာ ဝန်နှင့်အား မမျှတော့ဘဲ ရုန်းကန်နေရသည့်အခြေအနေ ဖြစ်ပါသည်။

လျှပ်စစ်ထုတ်လုပ်မှု၏ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်ကို ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံများတွင် ပြန်လည်အသုံးပြုရပြီး ၄ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် ရှည်လျားစွာ သွယ်တန်းထားရသည့် မဟာဓာတ်အားလိုင်းကြီးများတစ်လျှောက် အလိုအလျောက် ဆုံးရှုံးသွားသဖြင့် သုံးစွဲသူပြည်သူများထံသို့ ရောက်ရှိချိန်တွင် ထုတ်လုပ်မှု၏ ၈ ရာခိုင်နှုန်းခန့်သည် သဘောသဘာဝအရ လျော့နည်းနေမည်ဖြစ်ပါသည်။

ထို့အပြင် အချို့သော ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ်များ၊ ဓာတ်အားခွဲရုံများ မဟာဓာတ်အားလိုင်းကြီးများသည် အကြမ်းဖက်ဖျက်ဆီးခံထားရသဖြင့် အပြည့်အဝအသုံးပြုနိုင်မှုမရှိတော့သည့်အတွက် ကျန်ရှိသည့် ဓာတ်အားခွဲရုံများနှင့် မဟာဓာတ်အားလိုင်းကြီးများသည် ဝန်ပိုများ ထမ်းဆောင်နေကြရသည်ဖြစ်ရာ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုကွန်ရက်ကြီးသည် နည်းပညာဆိုင်ရာ စွန့်စားရမှုများစွာနှင့်အတူ ပြည်သူများ၏ လိုအပ်ချက်ကို ကြိုးစားဖြည့်ဆည်း နေရသည့်အခြေအနေဖြစ်ပါသည်။

ဖျက်ဆီးခံရမှုများကို မြန်မာ့တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအစောင့်အရှောက်နှင့် ပြည်သူများ၏ အကူအညီများရယူ၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများသည် စွန့်လွှတ်စွန့်စားသော စိတ်ဓာတ်များနှင့် ရာသီအချိန်မရွေး ပြင်ဆင်ပေးလျက်ရှိနေကြပါ သည်။

ယင်းသို့ ပြင်ဆင်သည့်အချိန်များတွင်လည်း သွားရောက်ရာလမ်းတစ်လျှောက် မိုင်းထောင်ထားခြင်း၊ ပြင်ဆင်နေစဉ်လာရောက် နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ပြင်ဆင်ပြီး ပြန်မည့်လမ်းတစ်လျှောက်တွင် မိုင်းများ ထောင်ထားခြင်းတို့ကြောင့် အချို့ဝန်ထမ်းများ သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့ ဖြစ်ပေါ်လျက်ရှိပါသည်။

ယင်းသို့ဖြစ်ပေါ်နေသည့် အခက်အခဲများကြားမှပင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နည်းပညာဆိုင်ရာအခက်အခဲများကို ဖြေရှင်းကျော်လွှားခြင်း၊ မသမာမှုဆောင်ရွက်နေခြင်းများကို ဖော်ထုတ်ဖြေရှင်းခြင်းတို့ကို အလေးထားဆောင်ရွက်နေသည့်အတွက် ရေလှောင်တမံများ၏ သိုလှောင်ထားမှုအမှတ် အနိမ့်ဆုံးရောက်ရှိနေသည့် ယခုအချိန်ကာလများတွင်ပင် လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်လျက်ရှိပါသည်။

နိုင်ငံတော်၏ လျှပ်စစ်နှင့် စွမ်းအင်အရင်းအမြစ်များ၊ အခြေခံအဆောက်အအုံများသည် နိုင်ငံတစ်ဝန်း ဖြန့်ကြက်တည်ရှိနေသည်ဖြစ်ရာ ပြည်သူလူထုအနေဖြင့် ဝိုင်းဝန်းကူညီစောင့်ရှောက်ခြင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သည့် အသိပေးတင်ပြချက်များအား ဖတ်ရှု၍ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေးတင်ပြအပ်ပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

သတင်းစာများ - ၃၅၃၆ ခု

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download