လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ North Petro-Chem Corporation (Myanmar) Limited တို့အကြား ထောက်ရှာပင်-ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရန်အတွက် ရေနံတိုးတက်ထုတ်ယူရရှိရေးစာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ North Petro-Chem Corporation (Myanmar) Limited တို့အကြား ထောက်ရှာပင်-ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရန်အတွက် ရေနံတိုးတက်ထုတ်ယူရရှိရေးစာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 12, 2026
နေပြည်တော် ဧပြီ ၁၁
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ကုန်းတွင်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ တင်ဒါများခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်သည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် စာချုပ်များချုပ်ဆို၍ နိုင်ငံတော်အတွက် နစ်နာမှုမရှိစေရေးတာဝန်ယူ၍ စိစစ်ဆောင်ရွက်လျက်ရှိသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် North Petro-Chem Corporation (Myanmar) Limited တို့အကြား ထောက်ရှာပင်- ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရန်အတွက် ရေနံတိုးတက်ထုတ်ယူရေး စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော် Park Royal Hotel ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတော်အစိုးရအဖွဲ့အသစ်အနေဖြင့် နိုင်ငံတော်၏ စာမျက်နှာသစ်စတင်ဖွင့်လှစ်သည့် အခါသမယတွင် နိုင်ငံတော်နှင့် ပြည်သူများအတွက် အထူးလိုအပ်နေသော ရေနံစိမ်းတိုးမြှင့် ထုတ်လုပ်နိုင်ရန် သဘောတူစာချုပ်ချုပ်ဆိုနိုင်ခြင်းသည် လွန်စွာဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း၊ ရေနံစိမ်းများ တိုးမြှင့်ထွက်ရှိလာပါက နိုင်ငံတော်အတွက် လိုအပ်သည့် စက်သုံးဆီများ တိုးမြှင့်ချက်လုပ်လာနိုင်မည်ဖြစ်သည့်အတွက် ပြည်သူများအတွက် ချက်ချင်းလက်ငင်း အကျိုးကျေးဇူးဖြစ်ထွန်းစေမည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း။
မြန်မာ့ရေနံမြေများ၏ သက်တမ်းသည် နှစ်ပေါင်း ၁၀၀ ဝန်းကျင်ရှိနေသည့် သက်တမ်းရင့် ရေနံမြေများဖြစ်ပါကြောင်း၊ ယနေ့စာချုပ်ချုပ်ဆိုသည့် ထောက်ရှာပင်-ကမ်းနီ ရေနံမြေသည်လည်း သက်တမ်းနှစ် ၅၀ ခန့်ရှိပြီဖြစ်ရာ အထွက်တိုးလာစေရန်အတွက် ခေတ်မီနည်းပညာများကို အသုံးပြု ရမည်ဖြစ်သည်နှင့်အညီ မှန်ကန်သည့် နည်းပညာရွေးချယ်အသုံးပြုနိုင်မှု၊ သင့်လျော်သည့် စက်ပစ္စည်းကိရိယာ ရွေးချယ်အသုံးပြုနိုင်မှု၊ လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်နှင့် အရင်းအနှီး စိုက်ထုတ်နိုင်မှု၊ အတွေ့အကြုံရှိမှု စသည့်လိုအပ်ချက်များကို ဟန်ချက်ညီဖြည့်ဆည်းနိုင်ရန် လိုအပ်သည်ဖြစ်ရာ ယင်းအခြေခံလိုအပ်ချက်များကိုစိစစ်ပြီး အသင့်လျော်ဆုံးဖြစ်သည့် အဖွဲ့အစည်းအားရွေးချယ်၍ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပါကြောင်း။
တိုးတက်ထွက်ရှိလာမည်
ထို့အပြင် ပြည်တွင်းရေနံစိမ်းလိုအပ်ချက်ကို ထပ်မံဖြည့်ဆည်းနိုင်ရန် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ရေနံတူးဖော်ခြင်းလုပ်ငန်းကို စနစ်တကျဆောင်ရွက်လာတတ်စေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများမှ ကာကွယ်စေရန် ရည်ရွယ်ချက်များဖြင့် ရေနံလက်ယက်တွင်းများ တူးဖော်နေခြင်းကို ပိတ်သိမ်းစေပြီး ပြည်တွင်းလုပ်ငန်းရှင်အဖွဲ့အစည်း ၃၆ ခုအား နည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ် လုပ်နိုင်ရန် ခွင့်ပြုပေးခဲ့ပြီးဖြစ်ရာ မကြာမီအချိန်အတွင်း စတင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ရေနံစိမ်းများ တိုးတက်ထွက်ရှိလာမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်အနေဖြင့် စက်သုံးဆီသုံးစွဲမှု ၉၇ ရာခိုင်နှုန်းကို ဝယ်ယူတင်သွင်းနေရသည်ဖြစ်ရာ ယခုကဲ့သို့ ကမ္ဘာတစ်ဝန်း စက်သုံးဆီအခက်အခဲများ ဖြစ်ပေါ်လာချိန်တွင် မိမိတို့ပြည်သူများအနေဖြင့် လွန်စွာခက်ခဲသည့် အခြေအနေတစ်ရပ်ကို ရင်ဆိုင်နေကြရပါကြောင်း၊ ယင်းအခက်အခဲများမှ လွတ်မြောက်နိုင်ရေးအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပိုမိုတူးဖော်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေသကဲ့သို့ ထွက်ရှိလာသည့် ရေနံစိမ်းများကိုလည်း ကိုယ်တိုင်ချက်လုပ်နိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်တွင် ရေနံ ချက်စက်ရုံအသစ်များ ထပ်မံထွက်ပေါ်လာစေရေးအတွက် စီမံဆောင်ရွက်နေပြီး ၁၉၈၂ ခုနှစ်ကတည်းက တည်ဆောက်ထားခဲ့သည့် သံပရာကန်ရေနံချက်စက်ရုံကိုလည်း အဆင့်မြှင့်တင်ခြင်း၊ စွမ်းအားပြည့်လည်ပတ်နိုင်ရန် ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် North Petro-Chem Corporation (Myanmar)Limited ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားပြီး စာချုပ်ပါ ကတိကဝတ်များအတိုင်း ရလဒ်ကောင်းများ အမြန်ဆုံးပေါ်ထွက်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြုပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၅၀၀ ခု
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
