လွတ်လပ်သည့် နိုင်ငံသားများ ထမ်းဆောင်ကြရမည့်တာဝန်
လွတ်လပ်သည့် နိုင်ငံသားများ ထမ်းဆောင်ကြရမည့်တာဝန်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 02, 2026
လွတ်လပ်သောနိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသူနိုင်ငံသားများအဖြစ် မွေးဖွားလာခဲ့ကြသည့် မိမိတို့မျိုးဆက်များမှာ မလွတ်လပ်သော၊ တစ်ပါးသူလက်အောက်ခံဘဝ၏ နိမ့်ကျမှုကို အတွေ့အကြုံမရှိသလို နားလည်းမလည်။ မွေးကတည်းကပင် လွတ်လပ်လာခဲ့ကြသည့်အလျောက် လွတ်လပ်ခြင်း၏တန်ဖိုးကြီးမှုကိုလည်း အမှတ်တမဲ့သာနေကြရင်း မေ့မေ့ပျောက်ပျောက် ရှိနေတတ်ကြသည်။
“လွတ်လပ်ရေးရတဲ့အခါမှာ လွတ်လပ်ရေးအခွင့်အရေးတွေရတယ်၊ လွတ်လပ်ရေးရတဲ့အခါမှာ ခင်ဗျားတို့အခွင့်အရေးတွေ ပိုရတာလည်းရှိတယ်။ အခွင့်အရေးတွေ ပိုရသလိုပဲ တာဝန်တွေလည်း ပိုလာလိမ့်မယ်။ ဘယ်လိုတာဝန်တွေ ပိုလာမလဲဆိုရင် ဒီတိုင်းပြည်ကို အင်္ဂလိပ်က အုပ်ချုပ်နေတုန်းက ဒီမြန်မာပြည်ကို ကာကွယ်ဖို့တာဝန်ဟာ အင်္ဂလိပ်ရဲ့တာဝန်သာဖြစ်တယ်။ သို့သော်လည်း ဒီမြန်မာပြည်ကို ကျုပ်တို့လွတ်လပ်ရေးရတဲ့ အခါမှာ ကျုပ်တို့မြန်မာတွေကသာလျှင် မြန်မာပြည်ကို ကာကွယ်ရမယ့်တာဝန်ဟာ အဓိကဖြစ်တယ်။
“ဒီတော့အရင်တုန်းကလို ခင်ဗျားတို့အေးအေးဆေးဆေး နေလို့မဖြစ်နိုင်တော့ဘူး။ ကျုပ်တို့တိုင်းပြည်အစိုးရလုပ်တဲ့ လူတွေက တိုင်းပြည်ကာကွယ်ဖို့အတွက် မြန်မာပြည်မှာ စစ်သားတွေ နည်းနေတယ်လို့ဆိုရင် မြန်မာတိုင်းမြန်မာတိုင်း အရွယ်ရောက်တဲ့ လူမှန်သမျှ၊ ကျန်းမာတဲ့လူမှန်သမျှ စစ်မှုမထမ်းမနေရဆိုပြီးတော့ အတင်းဥပဒေနဲ့စစ်ထဲကို ထည့်ရလိမ့်မယ်၊ အဲဒါမျိုး တွေ လုပ်တန်လုပ်ရလိမ့်မယ်။ နှစ်နှစ်တန်သည်၊ သုံးနှစ်တန်သည် စစ်ထဲဝင်ရမယ်။
“ဝင်ပြီးတဲ့နောက် စစ်ဖြစ်တဲ့အခါမှာ ဝင်တိုက်ရမယ်ဆိုတာ ခင်ဗျားတို့ တိုက်ချင် တိုက်ချင်၊ မတိုက်ချင် မတိုက်ချင် ဝင်တိုက်ရမှာပဲ။ အဲဒါကလည်းတာဝန်ပဲ။ ဒါဟာ လွတ်လပ်ရေးရတဲ့အခါမှာ ဖြစ်ရမယ့်တာဝန်တွေပဲ။” ဟု အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်းဖြစ်သော ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန်မြို့ မြို့တော်ခန်းမ ပြည်သူ့အစည်းအဝေးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
လွတ်လပ်သောနိုင်ငံသားဘဝကို ရရှိထားသူများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ဝင်ရောက်ထမ်းဆောင်ကြရခြင်းမှာ တစ်နည်းအားဖြင့်ဆိုပါက မိမိတို့ရရှိထားသည့် နိုင်ငံသားအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ကြရခြင်း ဟုလည်းဆိုနိုင်သည်။ မျက်မှောက်ကာလ ကမ္ဘာ့အခြေအနေများ ပြောင်းလဲလျက်ရှိရာတွင် မိမိတို့နိုင်ငံမှာ တည်နေရာအနေ အထားအရလည်းကောင်း၊ သဘာဝသယံဇာတထွက်ရှိမှုအရလည်းကောင်း နိုင်ငံကြီးများက အာရုံစူးစိုက်နေကြသလို ပြည်တွင်းနှင့် ပြည်ပမှ အဖျက်အင်အားစုများက နိုင်ငံပြိုလဲ ပျက်စီးအောင် နည်းလမ်းများစွာဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းတိုက်ခိုက်လျက်ရှိသည်။ ပြည်တွင်းဆူပူသောင်းကျန်းမှုများကလည်း နိုင်ငံကိုပြိုကွဲပျက်စီးသွားစေသည်အထိ အန္တရာယ်ကြီးသည်။ သို့ဖြစ်ရာဘိုးဘွားတို့၏ အသက်သွေးချွေးများစွာ ရင်းနှီးပေးဆပ်ထူထောင်ခဲ့ကြရသော ပြည်ထောင်စုကြီး ထာဝစဉ်တည်တံ့ခိုင်မြဲရေးနှင့် အချုပ်အခြာအာဏာ မဆုံးရှုံးစေရေးတို့မှာ ယနေ့လူငယ်လူရွယ်မျိုးဆက်များနှင့် နိုင်ငံသားအားလုံးတို့၏ တာဝန်ဖြစ်လာသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားများ၏ မူလအခွင့်အရေးများနှင့် တာဝန်များကို အတိအကျပြဋ္ဌာန်းထားရာ နိုင်ငံသားတိုင်းမှာ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာ မခွဲခြားဘဲ အခွင့်အရေးများ တန်းတူရရှိသလို နိုင်ငံသားတာဝန်များမှာလည်း တန်းတူပင်ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ် စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်ဟူ၍ လည်းကောင်း၊ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟူ၍လည်းကောင်း၊ နိုင်ငံသားတိုင်း သည် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ တိုင်းရင်းသား လူမျိုးအချင်းချင်း စည်းလုံးညီညွတ်ရေးနှင့် ပြည်သူတစ်ရပ်လုံး အေးချမ်းသာယာရေးတို့အတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်ရန် တာဝန်ရှိသည်ဟူ၍လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ပြဋ္ဌာန်းထားရာ လက်ရှိကာလ ကမ္ဘာနှင့်မြန်မာ အခြေအနေတို့အရ နိုင်ငံသူနိုင်ငံသားတိုင်း မိမိတို့ထမ်းဆောင်ကြရမည့် တာဝန်များကို စိတ်အားထက်သန်ကျေပွန်စွာ ထမ်းဆောင်ကြရပါမည့်အကြောင်း။ ။
သတင်းစာများ - ၃၃၉၈ ခု
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 01, 2026
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
