သီပေါမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်စတင်လက်ခံ၊ အခြေခံပညာကျောင်းများနှင့်ပြည်သူ့ဆေးရုံကြီးတို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 21, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၂၁

တပ်မတော်က ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter- Terrorism Operation)ကိုဆောင်ရွက်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့အား အလုံးစုံပြန်လည်ထိန်းချုပ်ရရှိပြီးချိန်တွင် အစိုးရ၏အုပ်ချုပ်မှုယန္တရားပြန်လည်လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရေးစသည်တို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ သီပေါမြို့နှင့် ၎င်းဒေသတစ်ဝိုက်ရှိ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးကဏ္ဍထိခိုက်နစ်နာမှုမရှိစေရန် စာသင်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍအဆင်ပြေချောမွေ့စေရန် ဆေးရုံများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဒေသခံပြည်သူများစုပေါင်း၍ သီပေါမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့်ပြည်သူ့ဆေးရုံကြီးတို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးသည်။

ထို့ပြင် သီပေါမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက်စတင်ကျောင်းအပ်လက်ခံခဲ့ရာ ကျောင်းလာရောက်အပ်နှံမှုအနေဖြင့် ကျောင်းသား/ကျောင်းသူ ၁၁၂ ဦးရှိကြောင်းသိရှိရသည်။ အဆိုပါ ကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှအခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါတည်းပေးအပ်ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များဆောင်ရွက်ပေးကြသည်။

၎င်းအပြင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက သီပေါမြို့ ကုန်းတော်ပရိယတ္တိစာသင်တိုက်၌ ယာယီရုံးခွဲဖွင့်လှစ်၍ ဒေသခံတိုင်းရင်းသားပြည်သူများ အိမ်ထောင်စုစာရင်းတိုက်ဆိုင်စစ်ဆေးပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်းတို့အား စတင်ဆောင်ရွက်ပေးလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သီပေါမြို့ရှိဌာနဆိုင်ရာရုံးများနှင့် အများပြည်သူများသွားလာအသုံးပြုလျက်ရှိသည့်နေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် သီပေါမြို့နယ်တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာလူမှုစီးပွားဘဝလုပ်ကိုင်စားသောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များကနယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစာများ - ၃၃၂၅ ခု

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 21, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 20, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download