သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲမှ ပထမဆုရရှိသည့် မအိမ့်ချစ်သူ၏ ဝမ်းသာပီတိ ရင်ဖွင့်စကားသံများ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 05, 2026
image_latest


နိုင်ငံတစ်ဝန်း၌ ယဉ်ကျေးလိမ္မာသင်တန်းနှင့် ဓမ္မစကူးလ်များမှ မြတ်ဗုဒ္ဓ၏ ဖြစ်စဉ်သမိုင်းနှင့် ၅၅၀ နိပါတ်တော်များအား သိရှိနားလည်စေရန် ဆရာတော်သံဃာတော်များက နွေရာသီသင်တန်းများဖွင့်လှစ်၍ သင်ကြားပေးလျက်ရှိပါသည်။ လူငယ်၊ လူရွယ်များအား ဗုဒ္ဓဘာသာဝင်များဖြစ်သည်နှင့်အညီ မြတ်ဗုဒ္ဓ၏ တရားဓမ္မများ၊ အလယ်အလတ်လမ်းစဉ်၊ ဝိပဿနာတရား၊ မေတ္တာဓာတ် ကြီးမားမှုနှင့် မိမိကိုယ်တိုင်တည်ဆောက် ကျင့်ကြံမှသာ သံသရာမှလွတ်မြောက်နိုင်မည့် အခြေခံတရားများနှင့် ဗုဒ္ဓသမိုင်းကြောင်းကို သိရှိနားလည်စေရန် ဗုဒ္ဓဝင်ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ ယခုနှစ်တွင် နိုင်ငံတစ်ဝန်းမှ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ၌ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦး ပီသစွာခက်ခဲသည့်မေးခွန်းများကို အခက်အခဲမရှိ အောင်မြင်စွာဖြေဆိုနိုင်မှုဖြင့် ပထမဆုရရှိခဲ့သည့် မအိမ့်ချစ်သူ၏ ဝမ်းသာပီတိ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည် -

မအိမ့်ချစ်သူ (Grade - 9)

ကျွန်မက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက် မှာနေထိုင်ပြီး ဖေဖေ၊ မေမေ၊ အစ်ကိုနဲ့ ညီမလေးအပါအဝင် မိသားစုငါးဦးရှိပါတယ်။ ကျောင်းမှာ G – 6 မှာ ပညာရည်ချွန် ဆု၊ G -8 မှာ စာစီစာကုံးဆု၊ ကိုယ်တိုင်ရေးဖွဲ့ခဲ့တဲ့ ကဗျာထူးချွန်ဆုတွေကို မြို့နယ်နဲ့ ပြည်နယ်အဆင့်ထိ ဆုများရရှိခဲ့ဖူးပါတယ်။ မူလတန်းကို အလက(၁၂)၊ အလယ်တန်းအဆင့်ကို အထက(၁၀)တို့မှာ တက်ခဲ့ပါတယ်။ ကျောင်းစာကြည့် တိုက်မှာလည်း စာမပြတ်ဖတ်ပါတယ်။

ကျွန်မ ယဉ်ကျေးလိမ္မာသင်တန်း၊ ဓမ္မစကူးလ်သင်တန်းတွေမှာ ထူးချွန်တဲ့အတွက် ဘုန်းဘုန်းက သုတစုံလင်ဗုဒ္ဓဝင်ပူဇော်ပွဲမှာ ဖြေဆိုဖို့ တိုက်တွန်းမှုနဲ့အတူ ကျွန်မကိုယ်တိုင်လည်း ဗုဒ္ဓရဲ့ဓမ္မကို လေးလေးနက်နက်သိချင်ခံယူလိုတဲ့အတွက် ဝင်ရောက်ဖြေဆိုဖို့ နွေရာသီကျောင်းပိတ်ရက်မှာ လေ့လာကျက်မှတ်ခဲ့ပါတယ်။ အဓိကပြဋ္ဌာန်းထားတဲ့ မင်းကွန်း ဆရာတော်ကြီး စီရင်ပြုစုခဲ့တဲ့မဟာ ဗုဒ္ဓဝင်အတွဲခြောက်တွဲ၊ ရှစ်အုပ်ကို အရင်လေ့လာပြီး အဲ့ဒီမှာအခြေခံယဉ်ကျေးမှု၊ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင်သမိုင်း၊ ဓမ္မပဒနဲ့ ၅၅၀ ဇာတ်နိပါတ်တော်၊ အခြေခံအနိဓမ္မ၊ အခြေခံဘာဝနာ၊ ထေရဝါဒဗုဒ္ဓဘာသာ သာသနာ့သမိုင်း၊ ဧတဒဂ်ဘွဲ့ထေရီမနှင့် ဥပသကာ ဥပသိကာမများ၊ ပါဠိအနက် အဓိပ္ပာယ် ဖွင့်ဆိုချက် စတဲ့အခန်းရှစ်ခန်းကို ဆက်ပြီးလေ့လာရပါတယ်။

ယခုလိုဖြေဆိုနိုင်ဖို့အတွက် နွေရာသီ ၇၅ ရက်မှာ စာမပြတ် ကျက်မှတ်ခဲ့ပါတယ်။ တစ်နေကုန်စာကျက်ပြီး ညပိုင်းနဲ့နံနက်ပိုင်းမှာ စာပြန်နွှေး၊ အဲ့ဒီလို ကျက်မှတ်ခဲ့ပါတယ်။ ဗုဒ္ဓရဲ့စာပေဖြစ်တဲ့အတွက် ကျက်မှတ်ရာမှာ စိတ်ကြည်နူးမှုလည်း ခံစားရပါတယ်။ အမှတ်တရအနေနဲ့ ပြိုင်ပွဲအတွက် သူငယ်ချင်းတွေနဲ့ ဘုရားအတူတူရှိခိုး၊ ပဋ္ဌာန်းပူဇော်၊ စာတွေဖတ်၊ အပြန်အလှန်မေးမြန်း၊ အတူတကွအိပ်ခဲ့ရတာ တွေဟာ နွေးထွေးတဲ့ကြည်နူးမှုတွေပါ။

ပြိုင်ပွဲမှာ မြို့နယ်အဆင့်ဖြေဆိုမှု ၁၀၀ မှာ အကောင်းဆုံးဖြေဆိုခဲ့ပြီး ပြည်နယ်အဆင့်ကို တက်လာပါတယ်။ ပြည်နယ်အဆင့်မှာ ထူးချွန်သူ ၁၅ ဦး ထဲမှာ အကောင်းဆုံး ဖြေဆိုပြီး ယခုဖြေဆို ပြီးခဲ့တဲ့ ဗဟိုအဆင့်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ယခုရရှိခဲ့တဲ့ဆုက ဒွါဒသမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ ဗဟိုအဆင့်မှာ ခက်ခဲတဲ့မေးခွန်း ၁၀ ခုကို ဖြေဆိုအောင်မြင်ခဲ့ပြီး ပထမဆု ရရှိခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ မိမိရဲ့ပြည်နယ်ကိုယ်စားပြုအဖြစ် ဖြေဆိုရတဲ့အခါ ရင်ထဲမှာ ဝမ်းသာပီတိဖြစ်ရပြီး အဲ့ဒီအထဲမှာ မြတ်ဗုဒ္ဓရဲ့ ဓမ္မစာပေနဲ့ပူဇော်ဖြေဆိုခွင့်ရတဲ့အပေါ် အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ဖြေဆိုရာမှာ သတ်မှတ်ပြဋ္ဌာန်းထားတဲ့အတိုင်း အဆင့်ဆင့်ဖြေဆိုရာမှာ တစ်ဆင့်နဲ့တစ်ဆင့် ပိုပြီးမြင့်လာတယ်၊ ခက်ခဲလာပါတယ်။ ဆရာသမားများရဲ့ ဝိုင်းဝန်းပံ့ပိုး ကူညီပေးခဲ့မှုကြောင့် အောင်မြင်ခဲ့တာပါ။ မိဘနှစ်ပါးရဲ့ ခွန်အားဖြည့်အားပေးပံ့ပိုးမှုနဲ့ သူငယ်ချင်းတွေရဲ့ အားပေးစကားတွေကြောင့် စိတ်ဓာတ်တွေ အလွန်တက်ခဲ့ပါတယ်။ ကျန်းမာရေးအတွက်လည်း ဆရာတော်က ပံ့ပိုးပေးပါတယ်။ စာတွေကျက်မှတ်ရတာများလာရင် ခဏနားပြီး ဘုရားရှိခိုး၊ ပုတီးစိတ်ပြီး ပြန်ကျက်ရင် ခဏလေးနဲ့ပြန်ပြီး မှတ်မိစေခဲ့ပါတယ်။

သမီးပထမဆုရရှိဖို့ မေးခွန်းတွေထဲမှာ ဒီပင်္ကရာမြတ်စွာဘုရားကနေ သောဘိတ မြတ်စွာဘုရားရှင်အထိ ဘုရားဘယ်နှစ်ဆူ ရှိပါသလဲလို့ မေးတဲ့မေးခွန်းထဲမှာ အချိန်ယူစဉ်းစားရပြီး နှစ်ကျိပ်ရှစ်ဆူ ဘုရားရှင်များကို သတိရပြီးတော့ ဖြေဆိုရာမှာ မှန်ပါတယ်လို့ ကြားလိုက်ရချိန်မှာ ရင်ထဲတလှပ်လှပ်နဲ့ ဝမ်းသာမဆုံး ဖြစ်ခဲ့ ရပါတယ်။ အထူးသဖြင့် သုတစုံလင် ဗုဒ္ဓဝင်ဖြေဆို ပူဇော်ပွဲကို ဦးစီးကျင်းပပေးတဲ့ ဥက္ကဋ္ဌဆရာတော်ကြီး၊ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေ၊ စာပေကိုသင်ကြားပေးခဲ့တဲ့ ဘုန်းဘုန်းနဲ့ဆရာလေး၊ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်စကားတွေ အမြဲမပြတ်ပြောပေးခဲ့တဲ့ မိဘနှစ်ပါးနဲ့တစ်ဦး တစ်ယောက်ချင်းစီတိုင်းကို ဒီနေရာကနေ လက်စုံယှက်မိုးပြီး ဦးခိုက်ကန်တော့ ပါတယ်။

ဗုဒ္ဓဘာသာဝင် လူငယ်တွေအနေနဲ့ မိရိုးဖလာဗုဒ္ဓဘာသာ ဖြစ်ရတာထက် မိမိကိုယ်တိုင် ဗုဒ္ဓဘာသာကို နားလည်ခံယူပြီး ဗုဒ္ဓဆုံးမခဲ့တဲ့ တရားတော်တွေကို ထဲထဲဝင်ဝင်လေ့လာ၊ မိမိဘာသာကို လေးစားတန်ဖိုးထား ချစ်မြတ်နိုးမှုနဲ့အတူ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်တဲ့သူတွေ ဖြစ်စေလိုပါတယ်။ ဗုဒ္ဓအရိပ်ထက် အေးမြတဲ့အရိပ်ဘယ်နေရာမှ မရှိပါဘူး။ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ဦးချင်းစီတိုင်း ဘာသာသာသနာကို ချစ်မြတ်နိုး အလေးထား တန်ဖိုးထားမှုနဲ့ နိုင်ငံရဲ့ဂုဏ်ကို တစ်ထောင့်တစ်နေရာကနေ မြှင့်တင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။

သတင်းစာများ - ၃၅၄၇ ခု

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download