သံရည်ကျိုနည်းပညာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
သံရည်ကျိုနည်းပညာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 25, 2025
နေပြည်တော် နိုဝင်ဘာ ၂၄
သံရည်ကျိုနည်းပညာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)၌ ကျင်းပသည်။
အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် တာဝန်ရှိသူများသည် Virtual စနစ်ဖြင့် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနမှ တက်ရောက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) စက်ရုံမှူးနှင့်အရာထမ်းများ၊ သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှတ်(၂)သံမဏိ စက်ရုံ(ပင်းပက်)၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် “သံရည်ကျိုနည်းပညာမွမ်းမံသင်တန်း” ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ စက်ရုံစက်စွမ်းအားပြည့်လည်ပတ်နိုင်ရန် စက်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများအပြင် လူ့စွမ်းအားအရင်းအမြစ်များကို အချိန်နှင့်တစ်ပြေးညီ လေ့ကျင့်တည်ဆောက်ရမည်ဖြစ်ကြောင်း၊ သံရည်ကျိုခြင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးစံနှုန်းများ၊ ထုတ်လုပ်မှုစွမ်းရည်မြှင့်တင် ရေးနည်းလမ်းများနှင့် အရည်အသွေးထိန်းချုပ်ရေးနည်းစနစ်တို့ကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြရန် တိုက်တွန်းပါကြောင်း၊ သင်တန်းမှရရှိလာသည့် နည်းပညာများကို မိမိတို့၏စက်ရုံ၊ လုပ်ငန်းခွင်တွင် လက်တွေ့ကျကျ ထိရောက်စွာအသုံးချခြင်းဖြင့် စက်ရုံ၏စွမ်းဆောင်ရည်ကို မြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ တိုးတက်မှုသည် စက်ရုံ၏တိုးတက်မှုဖြစ်သလို ဝန်ကြီးဌာနနှင့် နိုင်ငံတော်အတွက် အကျိုးရှိမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းဖွင့်လှစ်ရန် စီမံဆောင်ရွက်ခဲ့ရမှုတို့ကို ရှင်းလင်းတင်ပြသည်။
သင်တန်းသို့ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)မှ အရာထမ်း၊ အမှုထမ်း ၃၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တနှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် Novotel Hotel ၌ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၏ အကြိမ်(၃၀)မြောက် အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေးနှင့် ညစာစားပွဲအခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနမှ Virtual စနစ်ဖြင့်တက်ရောက်ပြီး ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ ညီနောင်အသင်းများမှ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းမှ အကြံပေးပုဂ္ဂိုလ်များ၊ ဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စက်မှုဇုန်များမှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ စက်မှုလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌတို့က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစက်မှုကုန်ထုတ် လုပ်သူများအသင်း၏ ၂၀၂၅ ခုနှစ် လုပ်ငန်းဆောင်ရွက်မှုနှင့် ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြခြင်း၊ စက်မှုလုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်၍ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားသည်။
သတင်းစဉ်
သတင်းစာများ - ၃၃၆၀ ခု
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
