အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး ကော်မရှင်ရုံးခွဲ(မန္တလေး)၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 16, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၁၅

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ကော်မရှင်ရုံးခွဲ (မန္တလေး)သို့ သွားရောက်၍ ကော်မရှင်ရုံးခွဲအစည်းအဝေးခန်းမ၌ ဝန်ထမ်း များနှင့်တွေ့ဆုံသည်။

ထောက်ပံ့ပေးအပ်

တွေ့ဆုံပွဲတွင် ကော်မရှင်ရုံးခွဲတာဝန်ခံ ညွှန်ကြားရေးမှူးက လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်ရုံးခွဲ (မန္တလေး) အနေဖြင့်လည်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်/ ကောလိပ်များနှင့် စက်မှုလက်မှုသိပ္ပံ/အထက်တန်းကျောင်း ၃၅ ခုတို့တွင် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ်နှင့် လူငယ်စကားဝိုင်းများကို လျာထားကျင်းပလျက်ရှိရာ ထိရောက်အောင်မြင်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများကို အထူး မှာကြားလိုသည်မှာ မကြာခင်ကာလ၌ ရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်၍ ဝန်ထမ်းများအနေဖြင့် မပျက်မကွက် ဆန္ဒမဲပေးကြရန်၊ ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို ဝန်ထမ်းများ နားလည်သိရှိထားရန် လိုအပ်ကြောင်းနှင့် ရွေးကောက်ပွဲအောင်မြင်စေရေးအတွက် တတ်နိုင်သည့်ဘက်မှ အားလုံးပူးပေါင်းပါဝင်၍ ကူညီဆောင်ရွက်ကြရန် မှာကြားကာ ကော်မရှင်ဥက္ကဋ္ဌက ရုံးခွဲရှိ ဝန်ထမ်းများအတွက် ကြက်ဥ၊ စားသုံးဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ ရုံးခွဲတာဝန်ခံက လက်ခံရယူသည်။

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌသည် ရုံးခွဲအဆောက်အအုံအတွင်း ဝန်ထမ်းများ၏ လုပ်ငန်းတာဝန်ထမ်းဆောင်နေမှုများကိုလည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ ထိခိုက်ပျက်စီးမှုအခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌသည် ကော်မရှင်ရုံးခွဲ (မန္တလေး) မြေနေရာနှင့်ကပ်လျက် တစ်ဆက်တည်းရှိသော စက်မှုဝန်ကြီးဌာနမှ လွှဲပြောင်းရယူမည့်မြေနေရာကို လည်းကောင်း၊ ကော်မရှင်ရုံးခွဲ ဝန်ထမ်းအိမ်ရာကိုလည်းကောင်း၊ ဝန်ထမ်းမိသားစုများ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း ကြည့်ရှုကာလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၂၈၇ ခု

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download