အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၈) သင်တန်းဆင်းပွဲ ကျင်းပ
အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၈) သင်တန်းဆင်းပွဲ ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 27, 2026
ရန်ကုန် မတ် ၂၆
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၂၈) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါတက္ကသိုလ်ရှိ ကေတုမတီခန်းမတွင်ကျင်းပရာ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ချီးမြှင့်ပေးအပ်
ဦးစွာ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) ပါမောက္ခချုပ် ဦးကျော်ထွေးက အရာရှိကြီးများသည် လက်တွေ့နယ်ပယ်တွင် မိမိကိုပေးအပ်သည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကိုချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျမြန်ဆန်စွာ လုပ်ဆောင်ရန်လိုကြောင်း၊ မိမိတို့ တစ်ဦးချင်း ထမ်းဆောင်ရသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြပြီး စွမ်းရည်၊ စွမ်းအားရှိသည့် အဖွဲ့အစည်းများ ဖြစ်လာအောင် ထမ်းဆောင်ကြစေလိုကြောင်း၊ ပေးအပ်ထားသည့် တာဝန်များကိုကျေပွန်အောင် ထမ်းဆောင်ခြင်းသည် နိုင်ငံတော်နှင့် မိမိတို့အဖွဲ့အစည်းအပေါ် တာဝန်ကျေပွန်ခြင်းဖြစ်၍ တတ်နိုင်သမျှအကောင်းဆုံး အင်ပြည့်အားပြည့် ထမ်းဆောင်ကြရန်လိုကြောင်း၊ ပါတီနိုင်ငံရေးကင်းရှင်း ပြီး နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး (၃၀)ကို စောင့်ထိန်းလိုက်နာကာ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက်ကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ကြရန်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးဖြစ်စဉ်များကို စဉ်ဆက်မပြတ်လေ့လာပြီး နောက်လိုက်များအတွက် စံပြပုဂ္ဂိုလ်အဖြစ် ပြုမူနေထိုင်ကြရန်၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့်အတိုင်း သင်တန်းမှရရှိသော အသိအမြင်များကို လုပ်ငန်းအတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး လက်တွေ့အသုံးပြုကြရန် တိုက်တွန်းမှာကြားကာသင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ပေးအပ်သည်။
နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်အရာထမ်း သင်တန်း အမှတ်စဉ် (၂၈) သို့ သင်တန်းသား ၂၂ ဦး၊ သင်တန်းသူ ၂၇ ဦး စုစုပေါင်း ၄၉ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၂ ရက်မှ မတ် ၂၆ ရက်အထိဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၈၂ ခု
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
