အများပြည်သူအကျိုးစီးပွားရှေးရှု လူမှုစီးပွားထိန်းသိမ်းဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 06, 2026
image_latest


ပြည်သူများ၏ ပကတိလိုအင်ဆန္ဒမှာ နေ့စဉ်လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းပြည်အေးချမ်းသာယာရေးနှင့် စားရေရိက္ခာဖူလုံရေးဆိုသည့်အချက်ကို အမျိုးသားရေးရည်မှန်းချက်အဖြစ်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိသည်။

တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စားရေရိက္ခာဖူလုံရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ကုန်စည်စီးဆင်းမှုအဆင်ပြေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများဖြစ်ပေါ်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး စသည့်အများပြည်သူတို့၏ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့ရေးတို့ကို စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။ အထူးသဖြင့် ပြည်သူတို့၏ နေ့စဉ်လူမှုဘဝ အဆင်ပြေချောမွေ့စေရေးတွင် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်ကောင်းမွန်ရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိရာ ချမှတ်ထားသော စည်းကမ်း၊ ဥပဒေများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာတတ်သော ပြည်တွင်း၊ ပြည်ပ ထူးခြားသောအခြေအနေတစ်မျိုးမျိုးကြောင့် ကုန်စည်ဈေးနှုန်းများ မတည်မငြိမ်ဖြစ်တတ်သည့် အခြေအနေများဖြစ်ပေါ်လေ့ရှိသည်။ အဓိကအားဖြင့် ပြည်တွင်း၊ ပြည်ပမှ အခြေအနေတစ်မျိုးမျိုးကြောင့် ရွှေဈေး၊ ငွေဈေး၊ စက်သုံးဆီ ဈေးနှုန်းများ အပြောင်းအလဲဖြစ်ပေါ်သည့်အခါတွင်လည်းကောင်း၊ ထူးခြားသည့် အခြေအနေတစ်ခုခု ဖြစ်ပေါ်သည့်အခါတွင်လည်းကောင်း ကုန်ဈေးနှုန်းများ အတက်၊ အကျဖြစ်ပေါ်လေ့ရှိသည်။ ထိုအခါ အများပြည်သူတို့ မဖြစ်မနေလိုအပ်သော အခြေခံကုန်ဈေးနှုန်းများ အပြောင်းအလဲဖြစ်ပေါ်ကာ ပြည်သူများအား ဝန်ထုပ်ဝန်ပိုးဖြစ်လေ့ရှိသည်။

နိုင်ငံတော်က စားရေရိက္ခာဖူလုံရေး၊ ကုန်စည်ဈေးကွက် အဆင်ပြေချောမွေ့စေရေးအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေး၊ မြှင့်တင်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော် အကြီးအကဲအနေဖြင့် အခြေခံစားကုန်များကို အထွက်နှုန်းတိုးတက် ထုတ်လုပ်နိုင်ခြင်းဖြင့် စားသောက်ကုန်များ၏ ဈေးနှုန်းများကို သင့်တင့်သောဈေးနှုန်းများဖြစ်စေရန်၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေး အတွက် ရှိပြီးဖြစ်သည့်အခြေခံကောင်းများကိုအသုံးချ၍ ကုန်ထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်ရန်နှင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ် စသည့်သီးနှံများ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်း၌ ဆီဖူလုံမှုရှိစေရေး တွန်းအားပေးဆောင်ရွက်သွားရန် မကြာခဏ လမ်းညွှန်မှာကြားလေ့ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အတိုးနှုန်းသက်သာသည့် ချေးငွေများဖြင့် ကူညီပံ့ပိုးပေးလျက်ရှိသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းစိုက်ဧက ငါးသန်းကျော်အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် ၆၈၈ ဘီလီယံထုတ်ချေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်တွင်း၌ ရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်များ အတွက် အတိုးနှုန်းသက်သာသည့် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိသည်။ သဘာဝဘေးအန္တရာယ်ကျရောက်မှုများကြောင့် ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှု မဖြစ်စေရေးအတွက် ကြပ်မတ်ထိန်းသိမ်းပေးလျက်ရှိသည်။

ပြည်သူများအတွက် အဓိကလိုအပ်သည့် ဆန်၊ ဆီ စသည့်အခြေခံစားသောက် ကုန်များ တည်ငြိမ်မှုရှိစေရေး၊ ကုန်စည်များ စီးဝင်၊ စီးထွက်မှု ကောင်းမွန်စေရန် အခြေခံစားကုန်များကို ဈေးကားများဖြင့် ပြည်သူများနေထိုင်ရာ ဒေသများအလိုက် လှည့်လည်ရောင်းချပေးလျက်ရှိသည်။ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် မီးဖိုချောင်သုံး သီးနှံပစ္စည်းများထွက်ရှိမှု၊ ဖူလုံမှု၊ ရောင်းဝယ်ဖောက်ကားမှုအခြေအနေများနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ တည်ငြိမ်ရေးအတွက် နေ့စဉ်ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် စက်သုံးဆီပြတ်လပ်မှုမဖြစ်စေရန်အတွက် နိုင်ငံတော်က အစီအမံများ ချမှတ်ဆောင်ရွက်ပြီး လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုကောင်းမွန်ရေး၊ စက်သုံးဆီပြတ်လပ်မှုမဖြစ်စေရေးအတွက် ဆောင်ရွက်ပေးနေပြီဖြစ်ရာ ကုန်သည်များနှင့် ရောင်းဝယ်ဖောက်ကားသူများအနေဖြင့် ပြည်သူများ လူမှုစီးပွားဘဝများ အခက်အခဲမဖြစ်ပေါ်စေရန် ဖြစ်ပေါ်နေသော အခြေအနေအရ မှန်မှန်ကန်ကန် မျှမျှတတဖြစ်အောင် ဆောင်ရွက်ကြပြီး အခြေအနေကို အခွင့်ကောင်းယူအသုံးချ ခြင်းမဖြစ်စေရန် အသိပေးနှိုးဆော်အပ်ပါကြောင်း။ ။

သတင်းစာများ - ၃၄၆၁ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download