အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ် ဦးအောင်လင်းဒွေး (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 16, 2026
image_latest


လွိုင်ကော် ဇန်နဝါရီ ၁၅

၂၀၂၆ ခုနှစ် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တာဝန်ရှိသူများ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်များ၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ကယားတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးဉာဏ်ထွန်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဇော်မင်းလတ်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ပိုးရယ်အောင်သိန်းတို့က (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး

ထို့နောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက ကယားပြည်နယ်နေ့ အထိမ်းအမှတ်မုခ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တိုင်းရင်းသားရိုးရာအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် အခမ်းအနားကို ပြည်နယ်ခန်းမ၌ ဆက်လက်ကျင်းပရာ သဘာပတိအဖွဲ့ဝင်များ ရောက်ရှိနေရာယူပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းကို အလေးပြုကြသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက ဖတ်ကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးက (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်ဂုဏ်ပြုစကားပြောကြားသည်။

ယင်းနောက် အမှုဆောင်ချုပ်က ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆု (ပထမအဆင့်) နှင့် စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (ဒုတိယအဆင့်) ရရှိကြသူများကို ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ထူးချွန်ဆုရရှိကြသူများ၊ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆုရရှိကြသူများ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆုရရှိကြသူများ၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆုရရှိကြသူများ၊ စီးပွားရေးဆိုင်ရာထူးချွန်ဆုရရှိကြသူများ၊ သင်တန်းထူးချွန်ဆုရရှိကြသူများ၊ (၂၆) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ကြပြီး ဆုရရှိကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ရင်းရင်းနှီးနှီး နှုတ်ဆက်

ထို့နောက် အမှုဆောင်ချုပ်နှင့် အဖွဲ့ဝင်များသည် ကန္ဒာဟေဝန်ပန်းခြံ၌ ကျင်းပသည့် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် ကျင်းပသည့် ကယားရိုးရာနှင့် ကယန်းရိုးရာနပန်းပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ မူကြိုကလေးများ၏ အပြေးပြိုင်ပွဲ၊ ဘောလုံးကောက်ပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲနှင့် ရိုးရာစပါးထောင်းပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ဒေသခံပြည်သူများနှင့်အတူ ကြည့်ရှုအားပေးပြီး ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

ယင်းနောက် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ဝန်ကြီးဌာနပြခန်းများကို လိုက်လံကြည့်ရှုအားပေးကြသည်။

မွန်းလွဲပိုင်းတွင် အမှုဆောင်ချုပ်နှင့် အဖွဲ့ဝင်များသည် လောဓမ္မအခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဒွေးမယ်နော်ဆောင် RCC နှစ်ထပ်ကျောင်းဆောင် သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်နောင်၊ ဦးဉာဏ်ထွန်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဇော်မင်းလတ်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် မန်းငြိမ်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် အမှုဆောင်ချုပ်က RCC နှစ်ထပ် ကျောင်းဆောင်သစ်ဒွေးမယ်နော်ဆောင်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ ကျောင်းဆောင်သစ်ကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် အမှုဆောင်ချုပ်နှင့် အဖွဲ့သည် လွိုင်ကော်တက္ကသိုလ်သို့ရောက်ရှိကြရာ ဒုတိယပါမောက္ခချုပ်က အကြမ်းဖက်သောင်းကျန်းသူများကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြန်လည်ပြင်ဆင်ပြီးစီးမှုအခြေအနေ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဘွဲ့ကြိုတန်းနှင့် ဘွဲ့လွန်တန်းများ သင်ကြားသွားမည့်အခြေအနေ၊ အဝေးသင်သင်တန်းများကို ဘာသာရပ်အလိုက် သတ်မှတ်ရက်များတွင် အနီးကပ်သင်တန်းများ သင်ကြားသွားမည့်အခြေအနေ၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သော အရည်အသွေးအာမခံချက်ရှိသော တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အမှုဆောင်ချုပ်က လွိုင်ကော်တက္ကသိုလ် (၁၇) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားဖြစ်မြောက်ရေးအတွက် ရန်ပုံငွေများ ပေးအပ်ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ လွိုင်ကော်တက္ကသိုလ်ကို ယခင်ကလို ကျောင်းသား ကျောင်းသူများဖြင့် စည်စည်ကားကားဖြစ်လာအောင် ထပ်မံဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ တာဝန်ထမ်းဆောင်နေကြသည့် ဆရာ၊ ဆရာမများအနေဖြင့် တက္ကသိုလ်တွင် ပညာသင်ကြားနေကြသည့် ဒေသခံကျောင်းသား ကျောင်းသူများကို ပညာတတ်များ ဖြစ်လာအောင် သင်ကြားပေးသည့်အတွက် အသိအမှတ်ပြုပါကြောင်းပြောကြားကာ တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် အမှုဆောင်ချုပ်နှင့် အဖွဲ့ဝင်များသည် ဆုတောင်းပြည့်မြို့နာမ်စေတီတော်အား သွားရောက်ဖူးမြော်ကြပြီး ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ကာ အလှူငွေများ လှူဒါန်းကြသည်။

ဂုဏ်ပြုညစာစားပွဲ တက်ရောက်

ညပိုင်းတွင် ပြည်နယ်ခန်းမ၌ ကျင်းပသော (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲတက်ရောက်ကြသည်။

ဂုဏ်ပြုညစာစားပွဲတွင် အမှုဆောင်ချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများနှင့်အတူ ညစာအတူတကွသုံးဆောင်ကြပြီး ညစာသုံးဆောင် နေစဉ်ကယားတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအက အဖွဲ့များ၏ ရိုးရာအကအလှများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ ကယားတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ချီးမြှင့်ငွေများ ပေးအပ်ကြသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၁၂ ခု

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download