အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာဓာတ်ခွဲခန်း တည်ဆောက်ခြင်း စီမံကိန်း(ပထမအဆင့်) စီမံကိန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာဓာတ်ခွဲခန်း တည်ဆောက်ခြင်း စီမံကိန်း(ပထမအဆင့်) စီမံကိန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ နေပြည်တော် / April 25, 2026
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် “အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ခွဲခန်း တည်ဆောက်ခြင်း စီမံကိန်း (ပထမအဆင့်)”၏ စီမံကိန်းဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂၄ ရက်နေ့ မနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးနှင့် ဦးခင်လတ်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက “အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ခွဲခန်း တည်ဆောက်ခြင်းစီမံကိန်း (ပထမအဆင့်)” သည် မြန်မာနိုင်ငံမှ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) ဖြင့် အကောင်အထည်ဖော်သည့် စီမံကိန်းဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို ကာကွယ်နိုင်ရန်၊ လေထု၊ ရေထု၊ မြေထု အရည်အသွေးများကို ဆန်းစစ်အကဲဖြတ်နိုင်ရန်၊ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန်နှင့် အမျိုးသားပတ်ဝန်းကျင်အရည်အသွေး စံချိန်စံညွှန်းများ ရေးဆွဲသတ်မှတ်နိုင်ရေး အခြေခံအချက် အလက်များ စုဆောင်းနိုင်ရန်အတွက် ရည်ရွယ်ပြီး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင် အခြေအနေ အဖြစ် ထိန်းသိမ်းနိုင်ရန်အတွက် ကိန်းဂဏန်း အချက်အလက် အထောက်အထားများအပေါ် အခြေခံပြီး စနစ်တကျ လေ့လာဆန်းစစ်နိုင်ရေးအတွက် ပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ခွဲခန်း တည်ဆောက်ရန် မဖြစ်မနေလိုအပ်ပါကြောင်း၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ခွဲခန်း တည်ဆောက်ခြင်း စီမံကိန်းသည် မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် များစွာအထောက်အကူပြုနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားသည်။
စီမံကိန်း၏ ဒုတိယအဆင့်နှင့် တတိယအဆင့်များကိုလည်း သတ်မှတ်ကာလများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ယခုစီမံကိန်းကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်မှ ပံ့ပိုးကူညီထောက်ပံ့ပေးခဲ့ကြသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိ သူများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Minister Counsellor Dr. Zheng Znhongr (ဒေါက်တာကျန့်ကျစ်ဟုန်)နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်း ညှိနှိုင်းရေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်မိုးတို့မှ အမှာစကားများပြောကြားကာ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။သတင်းစာများ - ၃၅၀၆ ခု
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
