အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရိုးရာလှေလှော်နှင့် လက်ဝှေ့အားကစားနည်းမှ ငွေ၊ ကြေး ဆုတံဆိပ် ခုနစ်ခုဆွတ်ခူး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 20, 2025
image_latest


ဘန်ကောက် ဒီဇင်ဘာ ၁၉

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များရှိ သက်ဆိုင်ရာအားကစားကွင်း၊ အားကစားရုံများ၌ ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာအသင်းအနေဖြင့် ခရစ်ကတ်၊ သေနတ်ပစ်၊ ဖူဆယ်၊ ဘော်လီဘော၊ အပြည်ပြည်ဆိုင်ရာ လှေ၊ နဂါးလှေ၊ နပန်း၊ မြင်းစီးပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးထိန်လင်းသည် မြန်မာအားကစားအသင်းမှ အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့်အတူ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ချွန်ဘူရီမြို့ရှိ The Royal Thai Navy Rowing and Canoeing Training Center, Rayong ၌ ကျင်းပလျက်ရှိသည့် ရိုးရာလှေလှော်အားကစားနည်း အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲနှင့် နဂါးလှေလှော် အမျိုးသား/အမျိုးသမီး ၁၀ တက်လှော် ၅၀၀ မီတာပြိုင်ပွဲများတွင် မြန်မာအသင်းမှ အားကစားသမားများ၏ ယှဉ်ပြိုင်နေမှုနှင့် ချွန်ဘူရီမြို့ရှိ Thai Polo & Equestrain Club Pattaya, Chonburi ၌ ကျင်းပလျက်ရှိသည့် မြင်းစီးအားကစားနည်း တစ်ဦးချင်းလူရွေးပွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ စောမောင်နှင့် ကျော်ဝဏ္ဏအောင်တို့၏ ပြိုင်ပွဲယှဉ်ပြိုင်နေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးသည်။

ထို့အတူ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့်အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Indoor Stadium Huamark, Sports Authority of Thailand, Bangkok ၌ ကျင်းပလျက်ရှိသည့် ဘော်လီဘောပြိုင်ပွဲ အဆင့်(၅)လုပွဲတွင် မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

မြန်မာအသင်းအနေဖြင့် ယနေ့ပြိုင်ပွဲပွဲစဉ်များအဖြစ် ခရစ်ကတ်အားကစားနည်း အမျိုးသမီး T20i တတိယလုပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ သေနတ်ပစ်အားကစားနည်း ၅၀ မီတာ ရိုင်ဖယ် အနေအထားသုံးမျိုး အမျိုးသားတစ်ဦးချင်း လက်ရည်စစ်ပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်တွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း၊ ဘော်လီဘောပြိုင်ပွဲ အဆင့်(၅)လုပွဲတွင် မြန်မာအသင်းနှင့် စင်ကာပူအသင်း၊ အပြည်ပြည်ဆိုင်ရာ လှေအားကစားနည်း အမျိုးသား၊ အမျိုးသမီး ကမ်းရိုးတန်း၊ ကမ်းခြေတစ်ယောက် လှော်(၂) တက်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ နဂါးလှေအမျိုးသား(၁၀)တက်လှော် ၅၀၀ မီတာပြိုင်ပွဲ ဗိုလ်လုပွဲများနှင့် အမျိုးသား+ အမျိုးသမီး ပေါင်းစပ်လှော် (၂၀)တက် ၅၀၀ မီတာပြိုင်ပွဲ ဗိုလ်လုပွဲ၊ နပန်းအားကစားနည်း Men’s Freestyle – 57kg အုပ်စုပတ်လည် ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ Men’s Freestyle – 65kg အုပ်စုပတ်လည် ပြိုင်ပွဲနှင့် ဗိုလ်လုပွဲ၊ မြင်းစီးအားကစားနည်း တစ်ဦးချင်းလူရွေးပွဲနှင့် ဗိုလ်လုပွဲပြိုင်ပွဲများတွင် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ရိုးရာလှေလှော်အားကစားနည်း နဂါးလှေလှော် အမျိုးသား(၁၀) တက်လှော် ၅၀၀ မီတာပြိုင်ပွဲတွင် တင်ကိုကို၊ ပြည့်စုံအောင်၊ ယုယမောင်၊ ထွန်းထွန်းလင်း၊ စောနိုင်လင်းကျော်၊ ဝေယံဦး၊ ကျော်စွာဝင်း၊ စောကောင်းကောင်းစံ၊ ဇော်ဇော်ထွန်း၊ စောအယ်ထီးဂေါ်၊ ထွန်းသက်ဇော်၊ ထန်လျန်းကျင့်၊ စိုင်းမင်းမော်နှင့် ထက်ဝေဖြိုးတို့အတွဲက ကြေးတံဆိပ်ဆုတစ်ခု၊ အမျိုးသမီး(၁၀) တက်လှော် ၅၀၀ မီတာပြိုင်ပွဲတွင် လှလှထွေး၊ ဝင်းဝင်းထွေး၊ စိုးစိုးကျော်၊ စန်းစန်းမိုး၊ သီတာဦး၊ မာန်ဟွဲ့ဖောင်၊ ဖြူဖြူအောင်၊ နော်ထဲဆိုဖော၊ အိအိချော၊ နွေးအိဖြူ၊ သဉ္ဇာမြင့်ဇွန်၊ လင်းလင်းကျော်၊ ချိုချိုလွင်နှင့် နွယ်နီဝင်းတို့အတွဲက ကြေးတံဆိပ်ဆုတစ်ခု စုစုပေါင်း ကြေးတံဆိပ်ဆုနှစ်ခု ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆုသုံးခုဆွတ်ခူးရရှိခဲ့သည့် နဂါးလှေလှော်အားကစားနည်း အမျိုးသား၊ အမျိုးသမီးအသင်းမှ အားကစားသမားများနှင့် ယမန်နေ့ ပြိုင်ပွဲပွဲစဉ်ဖြစ်သည့် မြင်းစီးအားကစားနည်း Eventing Dreassage, Show Jumping & Cross Country အားကစားနည်းသုံးမျိုးပါသည့် ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု တစ်ခုရရှိခဲ့သည့် မြန်မာအသင်းမှ သန်းနိုင်အောင်၊ စောမောင်နှင့် နန်းကိုဝင်းတို့အတွဲကို ဒုတိယဝန်ကြီး ဦးထိန်လင်းက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လှေလှော်အားကစားနည်း အမျိုးသားကမ်းရိုးတန်း၊ ကမ်းခြေတစ်ယောက် လှော်(၂) တက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်းမှ ဝေယံမိုးနှင့် ထိုင်းအသင်းမှ အားကစားသမားတို့ ယှဉ်ပြိုင်လှော်ခတ်ခဲ့ရာ မြန်မာအသင်းမှ ဝေယံမိုးက ငွေတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး ယမန်နေ့ ပြိုင်ပွဲပွဲစဉ်များဖြစ်သည့် လက်‌ဝှေ့အားကစား နည်း ၅၄ ကီလိုတန်းပြိုင်ပွဲတွင် ထားထားနွယ်က ကြေးတံဆိပ်ဆုတစ်ခု၊ ၆၆ ကီလိုတန်းပြိုင်ပွဲတွင် ကေသွယ်ငြိမ်းက ကြေးတံဆိပ်ဆု တစ်ခု၊ ၅၀ ကီလိုတန်းပြိုင်ပွဲတွင် မြမိုးသူက ကြေးတံဆိပ်ဆု တစ်ခု ၅၇ ကီလိုတန်းပြိုင်ပွဲတွင် ဆုမြတ်နိုးက ကြေးတံဆိပ်ဆု တစ်ခု စုစုပေါင်း ကြေးတံဆိပ်ဆုလေးခုတို့ကို အသီးသီးထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဒီဇင်ဘာ ၁၉ ရက် ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ် ၂၁ခု၊ ကြေးတံဆိပ် ၄၆ ခု စုစုပေါင်း ဆုတံဆိပ် ၇၀ ခုတို့ဖြင့် နိုင်ငံအလိုက်အဆင့် ၇ တွင် ဆက်လက်ရပ်တည်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၃၈၅ ခု

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 20, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download