အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရေးနှင့် အရည်အသွေးမြင့် ပို့ကုန်အဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး ဆွေးနွေး
အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရေးနှင့် အရည်အသွေးမြင့် ပို့ကုန်အဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး ဆွေးနွေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 11, 2025

နေပြည်တော် မေ ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ပဲခူးတိုင်းဒေသကြီး ကွင်းကြီးကျေးရွာရှိ ဒေါက်တာအောင်မိုး၏ အသားတိုး ကြက်မွေးမြူရေးခြံသို့ရောက်ရှိပြီး အသားတိုးကြက် အကောင်ရေ ၁၂၀၀၀ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍ အသားကဏ္ဍတိုးတက် ထုတ်လုပ်နိုင်ရေးအတွက် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ၊ မွေးမြူရေးကို အခြေခံသည့် ခေတ်မီကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနေသကဲ့သို့ အသေးစားမွေးမြူရေး လုပ်ကိုင်သူများနှင့် မွေးမြူရေးခြံတည်ထောင်ဆောင်ရွက် လုပ်ကိုင်လိုသူများအား ပုဂ္ဂလိကလုပ်ငန်း ရှင်ကြီးများက လက်တွဲခေါ်ယူပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆန်စပါး သုတေသနဌာနသို့ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ရန်ကုန်မြောက်ပိုင်း ခရိုင်နှင့် မြို့နယ်များမှ စိုက်ပျိုးရေးပညာ ရှင်ဝန်ထမ်းများအားတွေ့ဆုံ၍ နိုင်ငံတော်၏ အဓိကရိက္ခာသီးနှံ ဖြစ်သော ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ရန်၊ ဒေသနှင့်သင့်လျော်သည့်အထွက်ကောင်း အရည်အသွေးကောင်း သီးနှံမျိုးများနှင့်စပ်မျိုးများ သုတေသနပြုမျိုး မွေးမြူရွေးချယ်ပေးခြင်း၊ လက်တွေ့အသုံးချသုတေသနရလဒ်များအား သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ဌာနများနှင့်ပူးပေါင်း၍ တောင်သူလက်ဝယ် အရောက်ပို့ဆောင်ပေးကြရန် လိုအပ်ချက်များနှင့် အဓိကသီးနှံ ၁၀ မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးမှာကြားသည်။
ထို့နောက် လှည်းကူးမြို့နယ် ရဲမွန်ကျေးရွာရှိ HWA Co FUN., Ltd. နို့စားနွား မွေးမြူရေးခြံ၏ နို့ပေးနွား၊ နို့စားနွားမဒန်း၊ နို့စားနွားအငယ် အကောင်ရေ ၂၇၈ ကောင် မွေးမြူထားရှိမှု၊ နွားစာမြက် စိုက်ပျိုးထားရှိမှု၊ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ တိုင်းဒေသကြီးမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပဲခူးခရိုင်အတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသား/ငါး အာဟာရကို ပြည်သူများပြည့်ဝဖူလုံစွာ စားသုံးနိုင်ရေး၊ အသား/ငါး ထုတ်လုပ်မှုကဏ္ဍတိုးတက်မြင့်မားရေးနှင့် အရည်အသွေးမြင့် ပို့ကုန်အဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ထုတ်လုပ်မှုမြင့်မားသော မျိုးများရွေးချယ်မွေးမြူကြရန်နှင့် ဒေသတွင်းသင့်တင့်သော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးဆွေးနွေးသည်။
ယင်းနောက် သနပ်ပင်မြို့နယ် ဖရဲကျေးရွာ ဒေါ်လီရင်ဟွေ၏ ခေတ်မီအသားစားကြက် အကောင်ရေ ၁၅၀၀၀၀ မွေးမြူထားရှိမှုကိုလည်းကောင်း၊ ကမာစဲကျေးရွာမွေးမြူရေးတောင်သူ ဦးဝင်းထိုက်မောင်၏ လျာပကစ်လမ်းခွဲတွင် ကာကီကင်းဘဲအကောင်ရေ ၃၆၈၀၀ နှင့် ကလိုင် တံတားအနီးခြံတွင် ကာကီကင်းဘဲအကောင်ရေ ၃၂၀၀ မွေးမြူထားပြီး ဒေသတွင်း ဘဲဥဖြန့်ဖြူးရောင်းချပေးနေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ ဒုတိယဝန်ကြီးသည် သနပ်ပင်မြို့နယ် အောက်စုဝိုင်ရွာ တောင်သူဦးမင်းနိုင်၏ နွေစပါး မုယင်းနှစ်သီး စံပြကွက်ကိုလည်းကောင်း၊ သနပ်ပင်မြို့နယ် ကမာစဲစံပြကျေးရွာရှိ ဓနတိုးတက်အောင် ကုမ္ပဏီလီမိတက် ငါးမွေးမြူရေးလုပ်ငန်း၌ ငါးသိုင်းခေါင်းပွ၊ ရွှေဝါငါးကြင်း၊ ငါးမြစ်ချင်းငါးများမွေးမြူထားရှိမှုကိုလည်းကောင်း ကြည့်ရှုပြီး မွေးမြူထုတ်လုပ်မှုတိုးချဲ့ရေး၊ ကောင်းမွန်သော ငါးမွေးမြူရေးကျင့်စဉ် GAqP (ဂျီအေကျူပီ) စနစ်ကို လိုက်နာကျင့်သုံးကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၁၆၀ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။
