အာရှ-ပစိဖိတ်ဒေသ အသည်းရောဂါဆေးပညာရှင်များ ညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 14, 2025
image_latest


ရန်ကုန် ဒီဇင်ဘာ ၁၃

အာရှ-ပစိဖိတ်ဒေသ အသည်းရောဂါဆေးပညာရှင်များ ညီလာခံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အာရှ-ပစိဖိတ်ဒေသ အသည်းရောဂါဆေးပညာရှင်များအသင်း (APASL)ဥက္ကဋ္ဌ တူကီယဲနိုင်ငံမှ Professor Necati Ormeci (Turkiye)၊ APASL ဦးဆောင်ကော်မတီဥက္ကဋ္ဌ အိန္ဒိယနိုင်ငံမှ Professor Shiv Sarin ၊ အိန္ဒိယနိုင်ငံ အမျိုးသား အသည်းရောဂါပညာရှင်များအသင်းဥက္ကဋ္ဌ Professor Barjesh Chander Sharma နှင့် ပြည်တွင်း၊ ပြည်ပမှ အသည်းရောဂါအထူးကုဆရာဝန်များ တက်ရောက် ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ညီလာခံတွင် အသည်းခြောက်ရောဂါနှင့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်း အဓိကထားဆွေးနွေးမည်ဟု သိရှိရကြောင်း၊ အသည်းခြောက်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ် တည်ရှိလျက်ရှိပြီး အသည်းရောဂါကြောင့် ဦးနှောက် ရောင်ရမ်းခြင်း၊ ရေဖျဉ်းစွဲခြင်းနှင့် အသည်းကင်ဆာကဲ့သို့သော နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေကြောင်း၊ အသည်းခြောက်ရောဂါ လူနာများအတွက် အသည်းအစားထိုးကုသခြင်းကသာ တစ်ခုတည်းသော ကုသပျောက်ကင်းနိုင်သည့် နည်းလမ်းဖြစ်နေဆဲဖြစ်သော်လည်း ယခုကျင်းပသည့် ညီလာခံတွင် အခြားကုသနိုင်သည့်နည်းလမ်းများ၊ အသည်းခြောက်ရောဂါကြောင့် အသည်းနှင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းများအတွက် ကုသရေးနည်းလမ်းများကိုလည်း ဆွေးနွေးသွားကြမည်ဟု သိရှိရကြောင်း။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အသည်းနှင့် အစာအိမ်အူလမ်းကြောင်းရောဂါဆိုင်ရာ ပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်အမြဲပံ့ပိုးကူညီပေးလျက်ရှိရာ အသည်းရောင်အသားဝါရောဂါ၊ အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာရောဂါ၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ကုသမှုများအတွက် လမ်းညွှန်ချက်များထုတ်ဝေခြင်း၊ အသည်းရောင်အသားဝါ ဘီပိုးကင်းစင်အောင် အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးကို မွေးကင်းစကလေးငယ်များအား ထိုးနှံပေးလျက်ရှိပြီး ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင်လည်း ထည့်သွင်းထိုးနှံပေးလျက်ရှိကြောင်း၊ ၂၀၁၇ ခုနှစ်မှစတင်၍ အသည်းရောင်အသားဝါစီရောဂါ ထိန်းချုပ်ရေးစီမံချက်အရ အသည်းရောင်အသားဝါ စီရောဂါကုသရေးအတွက် အသည်းအရောင်အသားဝါစီရောဂါ ဆေးကုသပေးလျက်ရှိပြီး တစ်နိုင်ငံလုံးသို့ ဆေးဝါးများ အခမဲ့ထောက်ပံ့ပေးလျက်ရှိပြီး မြန်မာနိုင်ငံတွင် အသည်းအရောင်အသားဝါစီပိုး ကင်းစင်ပပျောက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း။

ထို့ပြင် အသည်းအမာရွတ်ဖြစ်ခြင်းကို တိကျစွာ အကဲဖြတ်နိုင်မည့် စက်ပစ္စည်းများကိုလည်း ပြည်သူ့ဆေးရုံများတွင် တပ်ဆင်ပေးခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းကြည့် မှန်ပြောင်းများကို ခုတင် ၂၀၀ နှင့်အထက် ပြည်သူ့ဆေးရုံကြီးများသို့ ထောက်ပံ့ပေးလျက်ရှိခြင်း၊ အသည်းကင်ဆာ ဝေဒနာရှင်များ အတွက် အသည်းဆေးဖျန်းကုသခြင်းအား ထောက်ပံ့ပေးခြင်း အစရှိသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အသည်းအစားထိုးကုသမှုများ  အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ရာ အသည်းရောဂါ ဆေးပညာရပ်နှင့် ခွဲစိတ်ပညာရပ်များ၏ ပူးပေါင်းဆောင်ရွက်မှုရလဒ်ဖြစ်ကြောင်း၊ ယခုညီလာခံမှ အသည်းခြောက်ရောဂါနှင့် နောက်ဆက်တွဲဆိုးကျိုးများအား ကုသခြင်းနည်းလမ်းသစ်များ၊ အသည်းရောဂါကုသခြင်းဆိုင်ရာ နောက်ဆုံးပေါ်နည်းစနစ်များကို ဖော်ထုတ်ဆွေးနွေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာ့ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

အဆိုပါညီလာခံကို ဒီဇင်ဘာ ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တူကီယဲနိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ အာမေးနီယားနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ အသည်းရောဂါဆေးပညာရှင်များက မြန်မာနိုင်ငံ အသည်းရောဂါဆေးပညာရှင်များနှင့် အတူ အသည်းရောဂါဆေးပညာရပ်ဆိုင်ရာ ဗဟုသုတမျှဝေခြင်း၊ လက်တွေ့ကုသမှုအတွေ့အကြုံများ မျှဝေခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံမှ အသည်းရောဂါပညာရှင် ၄၅ ဦးနှင့် မြန်မာနိုင်ငံမှ အသည်းရောဂါပညာရှင်များ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ စုစုပေါင်း ၃၂၀ ခန့် တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၇၂ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download