ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ငရုပ်ကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသော ကျောင်းသား ကျောင်းသူများအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ငရုပ်ကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသော ကျောင်းသား ကျောင်းသူများအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / March 20, 2025
ပုသိမ် မတ်လ ၁၉
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ငရုတ်ကောင်းအခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနသို့သွားရောက်၍ တာဝန်ရှိသူများအား တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အခက်အခဲမရှိ ဖြေဆိုနိုင်ရေးဝိုင်းဝန်း စောင့်ရှောက်ကြရန်၊ မေးခွန်းများသယ်ဆောင်ရာတွင် လုံခြုံမှုရှိရေးနှင့် ထိန်းသိမ်းစောင့်ရှောက် မှုများ အလေးထားဆောင်ရွက်ရန်၊ ကျောင်းဝန်းအတွင်းအပြင် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ ထူးခြားမှုတစ်စုံတစ်ရာရှိပါက ကွပ်ကဲရေးရုံးများမှတစ်ဆင့် အချိန်မီသတင်းပေးပို့ကြရန်နှင့် ကျောင်းသားကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးမှာကြားကာ သင်္ချာ ဘာသာရပ်ဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ငရုတ်ကောင်း-ချောင်းဝ-နံ့သာပု-ဂျိုင်လေး-ဂေါ်ရန်ဂျီကျွန်းလမ်းပေါ်ရှိ ချောင်းဝတံတား ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက တံတားဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် တံတားဖွင့်လှစ် နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အပြီးသတ်လုပ်ငန်းများ အဆင့်မီမီပြီးစီးစေရေး၊ လုပ်ငန်းသုံးပစ္စည်းများ စနစ်တကျသိမ်းဆည်းစေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ထားရန်နှင့် လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းဝတံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်း-ချောင်းဝ-နံ့သာပု-ဂျိုင်လေး--ဂေါ်ရီဂျီကျွန်း လမ်းပေါ်ရှိ ချောင်းဝတံတားသည် တံတားအရှည် ၁၂၈၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၇၈.၇၄၄ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၁၂.၂ မီတာ၊ (Bored Pile RC Concrete) အမျိုးအစားဖြစ်ပြီး ၁.၃.၂၀၂၀ခုနှစ်မှ ၃၁.၃.၂၀၂၅ ခုနှစ်အထိ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တံတားလုပ်ငန်းအားလုံးဆောင်ရွက်ပြီးစီးပြီး တံတားအပေါ် ကတ္တရာခင်းခြင်းလုပ်ငန်း အပြီးသတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂေါ်ရန်ဂျီကျွန်းပေါ်ရှိ မြဝတီဘုရားအား ဖူးမြော်ကြည်ညိုခဲ့ပြီး ကမ်းခြေအလှများအားကြည့်ရှုခဲ့ကာ ဂေါပကအဖွဲ့ထံ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
သတင်းစာများ - ၃၄၄၆ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 16, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 15, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
