ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ တိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်အသင်းနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ တိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်အသင်းနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / October 23, 2025
ပုသိမ် အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်သည့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ တိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်အသင်းနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်ခဲ့သည်။
ဦးစွာ အခမ်းအနားကို (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုရပြိုင်ပွဲဝင်များဖြစ်သည့် အဆိုပြိုင်ပွဲဝင်များက“မေတ္တာဖျန်းမှ လန်းဆန်းမယ်” သီချင်းဖြင့် ဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုတံဆိပ်အသီးသီးရရှိခဲ့သည့် ပြိုင်ပွဲဝင်များ၊ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည့် အနုပညာရှင်ကြီးများနှင့် သင်ကြားပြသပေးသည့် နည်းပြများကိုထပ်ဆင့် ဂုဏ်ပြုခြင်း ဖြစ်ပါကြောင်း၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲကြီးတွင် အောင်အောင်မြင်မြင် ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ပြီး မျှော်မှန်း သည့်နေရာနှင့် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါကြောင်း၊ ယခင်နှစ်က အတွေ့အကြုံ များ ကိုအခြေခံ၍ ယခုနှစ် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် အဆို၊ အက၊ အရေး၊ အတီး အကဲဖြတ်ပညာရှင်များ၊ ခရိုင်အဆင့်အကဲဖြတ်ပညာရှင်များအား ဖိတ်ခေါ်၍ ပြိုင်ပွဲဝင်များအား အကဲဖြတ် ရွေးချယ်ကာ စခန်းသွင်းလေ့ကျင်မှုများ ပြုလုပ်ခဲ့သည့်အပြင် အရည်အချင်း ဆန်းစစ်ခြင်း များကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲ ကြီးတွင် အားသွန်ခွန်စိုက်ဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တတိယနေရာရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည့် တိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား ကျေးဇူးတင်ရှိပါကြောင်း၊ (၂၆)ကြိမ်မြောက်မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် အသင်းတာဝန်ခံ၊ နည်းပြ၊ အုပ်ချုပ်သူ၊ ရုံးအဖွဲ့၊ ပြိုင်ပွဲဝင်များနှင့်ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များအတွက် အလွန်ဂုဏ်ယူ ဝမ်းမြောက် မိပါကြောင်းနှင့် နောင်နှစ်ပြိုင်ပွဲများတွင် ယခု(၂၆)ကြိမ်မြောက် ပြိုင်ပွဲတွင်ရရှိခဲ့သည့် အဆင့်ထက် ပိုမိုသာလွန်သည့် ဆုတံဆိပ်များရရှိနိုင်ရေး ကြိုးစားကြစေလိုကြောင်း” ဂုဏ်ပြုအမှာစကားများပြောကြားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုဆက်လက်ပြုလုပ်ရာ အဆိုပြိုင်ပွဲတွင် အဆင့်မြင့်ပညအဆင့်(အမျိုးသား)၊ ခေတ်ဟောင်း တေး/ကာလပေါ်တွင် ပထမဆု (ရွှေတံဆိပ်)နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေးတွင် တတိယဆု (ကြေး တံဆိပ်)ဆု၊ အတီးပြိုင်ပွဲ၊ အဆင့်မြင့်ပညာအဆင့် (အမျိုးသား)၊ ဆိုင်းတစ်ဦးချင်းတွင် ပထမဆု (ရွှေတံဆိပ်)၊ အတီးပြိုင်ပွဲ၊ အဆင့်မြင့် ပညာအဆင့် (အမျိုးသား)၊ နှဲ တွင် ပထမဆု (ရွှေတံဆိပ်)၊ အတီးပြိုင်ပွဲ၊ အခြေခံပညာ(၁၅-၂၀)အဆင့် (အမျိုးသား)၊ ဒုံမင်းတွင် ပထမဆု (ရွှေတံဆိပ်)၊ အတီးပြိုင်ပွဲ၊ အဆင့်မြင့်ပညာအဆင့် (အမျိုးသား)၊ အိုးစည် အဖွဲ့လိုက်တွင် ပထမဆု(ရွှေတံဆိပ်)၊ အတီးပြိုင်ပွဲ၊ အခြေခံပညာ (၁၀-၁၅)အဆင့် (အမျိုးသား)၊ ဆိုင်း တစ်ဦးချင်းတွင် ပထမဆု (ရွှေတံဆိပ်)ရရှိသူများနှင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသင်း အုပ်ချုပ်သူ/ ပံ့ပိုးသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ အဆိုပြိုင်ပွဲ၊ အခြေခံပညာ (၁၀-၁၅)အဆင့် (အမျိုးသမီး)၊ ခေတ်ဟောင်းတေး/ကာလပေါ်တွင် ပထမဆု(ရွှေတံဆိပ်)၊ အဆိုပြိုင်ပွဲ၊ မဟာဂီတတွင် ပထမဆု (ရွှေတံဆိပ်)၊ အဆိုပြိုင်ပွဲ၊ အခြေခံပညာ (၁၅-၂၀)အဆင့် (အမျိုးသမီး)၊ ခေတ်ဟောင်းတေး/ကာလပေါ်တွင် ပထမဆု (ရွှေတံဆိပ်)၊ အတီးပြိုင်ပွဲ၊ မယ်ဒလင်တွင် တတိယဆု (ကြေးတံဆိပ်)၊ အတီးပြိုင်ပွဲ၊ အခြေခံပညာ (၁၀-၁၅)အဆင့် (အမျိုးသမီး)၊ စောင်းတွင် ပထမဆု (ရွှေတံဆိပ်)၊ အတီးပြိုင်ပွဲ၊ အခြေခံ ပညာ (၁၅-၂၀)အဆင့်၊ စန္ဒရားတွင် တတိယဆု (ကြေး တံဆိပ်)၊ အတီးပြိုင်ပွဲ၊ အခြေခံပညာ (၁၀-၁၅)အဆင့် (အမျိုးသား) ဒုံမင်းတွင် ပထမဆု (ရွှေတံဆိပ်)၊ အတီးပြိုင်ပွဲ၊ အခြေခံပညာ (၁၅-၂၀) အဆင့်၊ ဆိုင်းတစ်ဦးချင်းတွင် တတိယဆု (ကြေးတံဆိပ်)၊ အတီးပြိုင်ပွဲ၊ အဆင့်မြင့်ပညာအဆင့် (အမျိုးသား)၊ ဒိုးပတ်အဖွဲ့လိုက်တွင် ပထမဆု (ရွှေတံဆိပ်)ဆုရရှိသူများနှင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် “တို့ဘိုးဘွားအမွေ ဧရာမြေ” သီချင်းဖြင့် ပါဝင် တင်ဆက်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကျေးလက် ရိုးရာအကအဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အကပြိုင်ပွဲ၊ အခြေခံပညာ (၁၀-၁၅) အဆင့် (အမျိုးသား)၊ တစ်ဦးချင်းအကတွင် ဒုတိယဆု (ငွေတံဆိပ်)၊ အတီးပြိုင်ပွဲ၊ အဆင့်မြင့်ပညာအဆင့် (အမျိုးသား)၊ ပလွေတွင် ဒုတိယဆု (ငွေတံဆိပ်)၊ အတီးပြိုင်ပွဲ၊ အဆင့်မြင့်ပညာအဆင့် (အမျိုးသမီး)၊ မယ်ဒလင်တွင် ဒုတိယဆု (ငွေတံဆိပ်)၊ အတီးပြိုင်ပွဲ၊ အခြေခံပညာ (၁၀-၁၅)အဆင့် (အမျိုးသမီး)၊ ဒုံမင်းတွင် ဒုတိယဆု (ငွေတံဆိပ်)ဆုရရှိသူများအား ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးကလည်းကောင်း၊ အတီးပြိုင်ပွဲ၊ အဆင့်မြင့်ပညာအဆင့် (အမျိုးသား)၊ စန္ဒရား တွင် ဒုတိယဆု (ငွေတံဆိပ်)၊ အဆင့်မြင့်ပညာအဆင့်၊ စောင်းတွင် ဒုတိယဆု (ငွေတံဆိပ်)၊ အတီးပြိုင်ပွဲ၊ အခြေခံပညာ (၁၅-၂၀) အဆင့် (အမျိုးသား)၊မယ်ဒလင်တွင် ဒုတိယဆု(ငွေတံဆိပ်)၊ အတီးပြိုင်ပွဲ၊ဂီတာတွင် တတိယဆု (ကြေးတံဆိပ်)၊ အတီးပြိုင်ပွဲ၊ အခြေခံပညာ (၁၅-၂၀)အဆင့် (အမျိုးသား)၊ စန္ဒရားတွင် ဒုတိယဆု (ငွေတံဆိပ်)ဆုရရှိသူများအား တိုင်းဒေသကြီးတရားသူကြီးချုပ် ကလည်းကောင်း၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ဆုရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ဆုရှိသူများ၏ ပြန်လည်ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကာ ပြိုင်ပွဲဝင်များ၊ အသင်းတာဝန်ခံ၊ နည်းပြ၊ အုပ်ချုပ်သူများအား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအနေဖြင့် ရွှေ( ၁၂ )ခု၊ ငွေ(၁၁)ခု၊ ကြေး( ၁၄ )ခု စုစုပေါင်း(၃၇)ခုရရှိခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဆုရရှိမှုစာရင်းတွင် တတိယ နေရာရရှိခဲ့ကြောင်းသိရသည်။
သတင်းစာများ - ၃၃၂၇ ခု

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download