ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / March 17, 2026
ပုသိမ် မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ယနေ့အခမ်းအနားသည် တိုင်းဒေသကြီး၏အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး လူငယ်အားကစားသမားမျိုးဆက်သစ်များ အတုယူနိုင်ရန်အတွက် နိုင်ငံ့ဂုဏ်ဆောင် ဧရာဝတီတိုင်းဒေသကြီးမှ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ အုပ်ချုပ်၊ နည်းပြအားကစားသမား(၈၆)ဦးပါဝင်ပါကြောင်းနှင့် ၎င်းအားကစားသမားများထဲမှ ရွေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးနိုင်သည့် အားကစားသမား (၃၀)ဦး အထိရှိခဲ့ပြီး ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၉)ခုနှင့် ကြေးတံဆိပ်(၄၂)ခုရရှိခဲ့ပါကြောင်း၊ ထို့အပြင် (၁၃)ကြိမ် မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် တိုင်းဒေသကြီးမှ အားကစားသမား (၁၃)ဦး ပါဝင်ခဲ့ပြီး ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ် (၄)ခုနှင့် ကြေးတံဆိပ်(၅)ခုရရှိအောင်စွမ်းဆောင်နိုင်သည် ကို တွေ့ရှိရသည့်အတွက် ဂုဏ်ပြုပါကြောင်း၊ တိုင်းဒေသကြီး၏ အားကစားအဆင့်အတန်း တိုးတက်ရန်နှင့် မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန် နွေရာသီအခြေခံ အားကစားသင်တန်းကို အားကစားနည်း(၂၀)မျိုးဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ် တိုင်းဒေသကြီး/ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဧရာဝတီတိုင်းဒေသကြီး အနေဖြင့် ဒုတိယနေရာရရှိခဲ့ပါကြောင်း၊ အားကစားသမားများကလည်း တိုင်းဒေသကြီး ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် အားသွန်ခွန်စိုက်ကြိုးစားသကဲ့သို့ နိုင်ငံတော်ကလည်း လိုအပ်သည့်ပံ့ပိုးမှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူငယ်လူရွယ်တိုင်း အားကစားကိုစိတ်ပါဝင်စားပြီး မျိုးဆက်သစ် နိုင်ငံ့သားကောင်းများ၊ အားကစားထူးချွန်သည့် မောင်မယ်များအဖြစ် တိုင်းဒေသကြီးကိုယ်စားပြု၊ နိုင်ငံ့ကိုယ်စားပြု အားကစားသမားများမှ ကမ္ဘာ့အဆင့်အထိ တက်လှမ်းနိုင်အောင် ဆက်လက်ကြိုးပမ်းကြစေလိုကြောင်း”ဂုဏ်ပြု အမှာစကားပြောကြားခဲ့သည်။
ထို့နောက် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် ဘိလိယက်နှစ်ယောက်တွဲရွှေတံဆိပ်ဆု၊ တစ်ဦးချင်း ငွေတံဆိပ်ဆု၊ ရေကူး(မသန်စွမ်း) မီတာ(၅၀၀)လက်ပစ်ကူး ရွှေတံဆိပ်ဆု၊ မီတာ(၁၀၀) အလွတ်ကူး ငွေတံဆိပ်ဆု၊ မီတာ (၂၀၀)အလွတ်ကူး ကြေးတံဆိပ်ဆု၊ မီတာ(၂၀၀)ရင်ဘောင် တန်းကူးရွှေတံဆိပ်ဆု၊ မီတာ(၅၀)ရင်ဘောင်တန်းကူး ငွေတံဆိပ်ဆု၊ သံလုံးပစ်(မသန်စွမ်း) ငွေတံဆိပ်ဆု၊ ဝူရှုး ငွေတံဆိပ်ဆု၊ ဘောလုံး(မသန်စွမ်း) ငွေတံဆိပ်ဆု၊ ပိုက်ကျော်ခြင်း ငွေတံဆိပ်ဆု ရရှိသည့် အားကစားသမားများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ကလည်းကောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရိုးရာခြင်းလုံး ရွှေတံဆိပ်ဆု၊ ပိုက်ကျော်ခြင်း Hoop Takraw ငွေတံဆိပ်ဆု၊ သုံးယောက်တွဲ ကြေးတံဆိပ်ဆု၊ Mix Quadrant ကြေးတံဆိပ်ဆု၊ လေးယောက်တွဲ ကြေးတံဆိပ်ဆု၊ ဂျူဒို ငွေတံဆိပ်ဆုနှင့်ကြေးတံဆိပ်ဆု၊ ပိုက်ကျော်ခြင်းသုံးယောက်တွဲ ကြေးတံဆိပ်ဆု၊ Mix Quadrant ကြေးတံဆိပ်ဆုနှင့် သုံးယောက်တွဲ ကြေးတံဆိပ်ဆု၊ လေးယောက်တွဲ ကြေးတံဆိပ်ဆု၊ အပြည်ပြည်ဆိုင်ရာလှေ Beach Sprint Single ငွေတံဆိပ်ဆု ရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက လည်းကောင်း ဆုများချီးမြှင့်ခဲ့သည်။ ဆက်လက်၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် ဆုရရှိသည့် အားကစားများကို တိုင်းဒေသကြီး တရားသူကြီးချုပ်၊ စီးပွားရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဆုများဆက်လက်ချီးမြှင့်ခဲ့ကြပြီး အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြောကြား၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက်ဆုရရှိသည့် အားကစားများကို ဂုဏ်ပြု လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။
သတင်းစာများ - ၃၄၇၂ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
