ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / April 24, 2026


ပုသိမ် ဧပြီ ၂၃

၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ လူမှုရေးရာဝန်ကြီး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွင်းရှိ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေတွင် လူရည်ချွန်စခန်းများကို နှစ်စဉ်ဖွင့်လှစ်ခဲ့ပြီး လူရည်ချွန်များအနေဖြင့် အပန်းဖြေခြင်းအပြင် ဒေသအတွင်း၌ရှိသည့် သိသင့်သိထိုက်သည့် လုပ်ငန်းများ၊ ဒေသထွက်ကုန်များအပြင် ဗဟုသုတများရရှိစေမည့် နေရာ၊ ဒေသများသို့ လေ့လာ၊ လည်ပတ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခု အချိန်သည် ရာသီဥတုပူပြင်း သည့်အတွက် လူရည်ချွန်များ သက်သောင့်သက်သာဖြင့် သွားလာလည်ပတ်နိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် လေ့လာလည်ပတ်သည့် အစီအစဉ်တွင်လည်း စနစ်တကျဖြစ်စေရေး ကြိုတင်စီမံဆောင်ရွက်ရန်လိုပါကြောင်း၊ လူရည်ချွန်များ၏ လုံခြုံရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကိုလည်း စနစ်တကျဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူရည်ချွန်မောင်မယ်များအတွက် အစားအသောက်များသည် သန့်ရှင်းလက်ဆတ်သော ဒေသ အစားအစာများဖြစ်စေရေး ကိုလည်း ဆောင်ရွက်ထားရှိရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ လူရည်ချွန်မောင်မယ်များသည် အနယ်နယ် အရပ်ရပ်မှ လာရောက်သူများဖြစ်သဖြင့် မလိုလားအပ်သည့် အန္တရာယ်များမဖြစ်ပေါ်စေရန် သက်ဆိုင်ရာတာဝန်ရှိသူများက အလေးထားကြီးကြပ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဌာနများအနေဖြင့်လည်း ယခင်နှစ်များ၏ အားနည်းချက်များကို ကြိုတင်ပြင်ဆင်၍ တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း”ပြောကြားသည်။

ဆက်လက်၍ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် တာဝန်ရှိသူများက လူရည်ချွန်စခန်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ကော်မတီဝင်များမှ သက်ဆိုင်ရာကော်မတီများအလိုက် ကြိုဆိုနေရာ ချထားရေး၊ သွားလာနေထိုင်ရေး၊ လေ့လာရေးခရီးစဉ်များ၊ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကော်မတီများအလိုက် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သတင်းစာများ - ၃၅၀၅ ခု

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download