ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဓနုဖြူမြို့မဈေး မီးလောင်မှုအား မီးငြှိမ်းသတ်မှုအခြေအနေများနှင့် ပျက်စီးဆုံးရှုံးမှုများ ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဓနုဖြူမြို့မဈေး မီးလောင်မှုအား မီးငြှိမ်းသတ်မှုအခြေအနေများနှင့် ပျက်စီးဆုံးရှုံးမှုများ ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / April 27, 2026
ပုသိမ် ဧပြီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့၊ မြို့မဈေးကြီးသည် ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက မီးငြှိမ်းသတ်မှုအခြေအနေများနှင့် မီးလောင်ပျက်စီးဆုံးရှုံးမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသိန်းထွန်းနှင့် တာဝန်ရှိသူများသည် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးသူ၊ ဈေးသားနှင့်တွေ့ဆုံ၍ ပျံကျဈေးဖွင့်လှစ်နိုင်ရေး၊ ယာယီဈေးတည်ဆောက်ဖွင့်လှစ်ရေး၊ ဈေးအသစ်ပြန်လည်တည်ဆောက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဓနုဖြူမြို့မဈေး မီးလောင်မှုအား မီးငြှိမ်းသတ်မှုအခြေအနေများနှင့် ပျက်စီးဆုံးရှုံးမှုများအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ဈေးမီးလောင်မှုအခြေအနေများ၊ ငြှိမ်းသတ်မှုအခြေအနေများနှင့် ပျက်စီးဆုံးရှုံးဆုံးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် ဈေးတာဝန်ခံရုံးတွင် တာဝန်ရှိသူများ၊ ဈေးသူဈေးသားများနှင့် တွေ့ဆုံခဲ့ရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက ဈေးကြီးအတွင်းရှိ ဈေးရုံ၊ ဆိုင်ခန်းပေါင်းနှင့် မီးလောင်ပျက်စီးဆုံးရှုံးမှုများ၊ ယာယီဈေးဖွင့်လှစ်နိုင်ရေးနှင့် ဈေးသစ်ပြန်လည် ဆောက်နိုင်ရေးအတွက် ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မီးဘေးကြိုင်တင်ကာကွယ်လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသော်လည်း မီးလောင်ဆုံးရှုံးမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ဈေးသစ်ကိုလည်း အဆင့်မီမီပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယာယီဈေး ကိုလည်း ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဈေးသစ်မတည်ဆောက်မီနှင့် ယာယီဈေးမဖွင့်လှစ်နိုင်သေးသည့်ကာလအတွင်း ပြည်သူများရောင်းဝယ်မှုအဆင်ပြေစေရန် ပျံကျဈေးကိုလည်း ရက်ပိုင်းအတွင်းဖွင့်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မီးလောင်ပျက်စီးမှုများကိုလည်း အမြန်ဆုံး ရှင်းလင်းဖယ်ရှားရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် ဈေးသစ်ပြန်လည်တည်ဆောက်ရာတွင် စနစ်တကျနှင့် အကောင်းဆုံးဖြစ်စေရေး ဝိုင်းဝန်းအကြံပြုဆောင်ရွက်ပေးကြရန် ” ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများနှင့် ဈေးသူဈေးများ၏ ပျံကျဈေးဖွင့်လှစ်ပေးနိုင်ရေး၊ ယာယီဈေးတည်ဆောက်ပေးနိုင်ရေး၊ ဈေးသစ်ပြန်လည်တည်ဆောက်ပေးနိုင်ရေးတို့ကို တင်ပြ ဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကာ ယာယီဈေးတည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ များအား လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။
သတင်းစာများ - ၃၅၀၉ ခု
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
