ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြောင်းလူငယ်အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၆)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁၀)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / April 29, 2026


ပုသိမ် ဧပြီ ၂၇

ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆)နှင့် အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အနောက်တောင် တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသိန်းထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အနာဂတ် နိုင်ငံတော်တာဝန်များကို ပခုံးပြောင်းလွှဲယူကြမည့် မောင်တို့မယ်တို့ကိုတစ်ချိန်တွင် အသိပညာရှင်၊ အတတ်ပညာရှင်များ အဖြစ်စွမ်းဆောင်နိုင်ရန် အခုကတည်းက စိတ်ဓာတ်ခွန်အားနှင့်အရည်အသွေးများပြည့်ဝလာအောင် ပြုစုလေ့ကျင့်ပေးရန်လိုအပ်သည့်အတွက် ရေကြောင်းလူငယ်သင်တန်းနှင့် လေကြောင်းလူငယ်သင်တန်းများကို မျိုးစေ့ချပြီးဖွင့်လှစ်ပေးနေခြင်းဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ရေကြောင်းဆိုင်ရာ အခြေခံပညာရပ်များနှင့် လေကြောင်းဆိုင်ရာအခြေခံ ပညာရပ်များကို တတ်မြောက်သိရှိနားလည်လာစေရေးအတွက် အထူးကြိုးစားသင်ယူပြီး နိုင်ငံတော်ကိုအကျိုးပြုနိုင်မည့် အနာဂတ်ခေါင်းဆောင်ကောင်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြရန်နှင့် သင်တန်းအစမှအဆုံးထိ တက်ရောက်နိုင်ရန်အတွက် မိမိတို့၏ကျန်းမာရေးကို အထူးဂရုပြုထိန်းသိမ်းလေ့ကျင့်နေထိုင်သွားကြရန်လိုပါကြောင်း၊ ယခု သင်တန်းကိုတက်ရောက်နေသည့်ကာလအတွင်း သင်တန်းသားအချင်းချင်း အတွေ့အကြုံများ နှီးနှောဖလှယ်ပြီး ရင်းနှီးခင်မင်မှုဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်သွားကြရန် လည်းလိုအပ်မည် ဖြစ်ပါကြောင်း၊ သင်တန်းက ချမှတ်ထားသည့်စည်းကမ်းများကို တိတိကျကျလိုက်နာပြီး စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တို့နဲ့ နိုင်ငံတော်အတွက် အားထားရသည့် သားကောင်း၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း” တိုက်တွန်း ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေကြောင်းလူငယ်သင်တန်းများအတွက် ချီးမြှင့်ငွေနှင့် သင်ကြားရေးအထောက်အကူပြု ပစ္စည်းများပေးအပ်ခဲ့သည်။

ဆက်လက်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက သင်တန်းဖွင့် အမှာစကား ပြောကြားပြီး လေကြောင်းလူငယ်သင်တန်းများအတွက် ချီးမြှင့်ငွေနှင့်သင်ကြားရေး အထောက်အကူပြု ပစ္စည်းများပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ခန်းမအတွင်းပြသထားသည့် သင်ကြားရေးအထောက် အကူပြုပစ္စည်းများအား ကြည့်ရှုလေ့လာခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

သတင်းစာများ - ၃၅၁၀ ခု

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download