ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့လုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေး


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / May 06, 2026


ပုသိမ် ဧပြီ ၃

ဧရာဝတီတိုင်းဒေသကြီး၏မြို့တော် ပုသိမ်မြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ သန့်ရှင်းသာယာလှပရေးအတွက် မြို့အဝင်ဆိုင်းဘုတ်များ၊ မြေယာရှုခင်းများနှင့် ကန်သုံးဆင့်ပန်းခြံတို့အား အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အခြေအနေများကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့အဝင် “ရိုးသားကြိုးစား ဧရာဝတီသား” ဆိုင်းဘုတ်အနီး မြေယာရှုခင်းများ အဆင့်မြှင့်တင်‌ရေးနှင့် လျှပ်စစ်မီးသွယ်တန်းနိုင်‌ရေး၊ ပုသိမ်မြို့အဝင် မုခ်ဦးတည်ဆောက်နိုင်ရေး၊ မြို့အဝင် ဆိုင်းဘုတ်နှင့် မြေယာရှုခင်းများ အဆင့်မြှင့်တင်နိုင်ရေး၊ ရွှေရုပ်တုအဝိုင်း အဆင့်မြှင့်တင်နိုင်ရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန်သုံးဆင့် ပန်းခြံအား ကြည့်ရှုစစ်ဆေးခဲ့ရာ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ကန်သုံးဆင့်ပန်းခြံအား ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများ၊ ယခုဘဏ္ဍာနှစ်တွင် ပန်းခြံအဝင်လမ်းခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ ပန်းခြံအတွင်း လမ်းမီးထွန်းခြင်းလုပ်ငန်း၊ ပန်းခြံအတွင်း ဘလောက်အုတ် လျှောက်လမ်း ပြုလုပ်မည့် လုပ်ငန်းများကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ ပြည်သူများ စိတ်အေး ချမ်းသာစွာ အပန်းဖြေ အနားယူနိုင်ရေးအတွက် စိန်ပန်း၊ ကံ့ကော်၊ ခရေ၊ ငုဝါ အစရှိသည့် အရိပ်ရပင်များနှင့် အလှပန်းပင်များ ထပ်မံစိုက်ပျိုးရေး၊ သစ်ကိုင်းခြောက်များ ခုတ်ထွင် ရှင်းလင်းရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရေး မှာကြားခဲ့သည်။

သတင်းစာများ - ၃၅၁၇ ခု

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download