ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 16, 2026


     ၂၀၂၆ ခုနှစ်၊ မေ ၁၄ ရက်က မြို့နယ်အချို့၌ နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားပြုလုပ်သူ များအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

    ဖြစ်စဉ်မှာ မေ ၁၄ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ လောင်းကစားသတင်းအရ သကံဝ ကျေးရွာနေ ဒေါ်သင်းသင်းအေး(၃၅)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ဒေါ်သင်းသင်းအေး အား နှစ်လုံးထီ/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေး ငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သင်းသင်းအေး အား ဘိုကလေးမြို့မရဲစခန်း (ပ)၄၂/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း။

    အလားတူ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ဖျာပုံမြို့နယ်၊ ဖျာပုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ လောင်းကစားသတင်းအရ အမှတ်(၁၈)ရပ်ကွက်နေ ဒေါ်လဲ့လဲ့ဝင်း(၃၅)နှစ်၏ ဈေးဆိုင်အတွင်း ဝင်ရောက်ရှာဖွေရာ ဒေါ်လဲ့လဲ့ဝင်းအား နှစ်လုံးထီ/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများဖြင့် လည်းကောင်း၊ အလားတူ ပူးပေါင်းအဖွဲ့သည် သပြေကံကျေးရွာနေ ဦးဇော်မျိုးမင်း(ခ)ကုလားငမင်း(၄၉)နှစ်၏ နေအိမ်အား လောင်းကစားသတင်းအရ ဝင်ရောက်ရှာဖွေရာ ဇော်မျိုးမင်း(ခ)ကုလားငမင်း အား နှစ်လုံးထီလောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများဖြင့် လည်းကောင်း၊ အလားတူ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် အမှတ်(၈)ရပ်ကွက်နေ ကိုပိုင်ချစ်အောင်(ခ)မြတ်သူ(၂၈)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ပိုင်ချစ်အောင်(ခ)မြတ်သူ အား နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများဖြင့် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သဖြင့် ဖျာပုံမြို့မ ရဲစခန်း (ပ)၇၀/၂၀၂၆၊ (ပ)၇၁/၂၀၂၆ နှင့် (ပ)၇၂/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း။

     အလားတူ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မြန်အောင်မြို့နယ်၊ ကျွဲတဲကုန်းရွာထိပ် ကနောင်-ရွှေကျင်သွား ကားလမ်းမပေါ်၌ ကနောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကျွဲတဲကုန်းကျေးရွာနေ ဒေါ်ချိုချိုလွင်(၃၈)နှစ် မောင်းနှင် လာသည့် AYY 78W/XXXX RATO အမျိုးအစား ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ဒေါ်ချိုချိုလွင်ထံမှ နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ချိုချိုလွင် အား ကနောင်နယ်မြေရဲစခန်း (ပ)၆/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း။

    ထို့အတူ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် ကျောင်းကုန်းမြို့နယ်၊ ကျောင်းကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ လောင်းကစားသတင်းအရ အမှတ်(၃)ရပ်ကွက်နေ ဒေါ်ဝါဝါမြင့် (ခ)ခိုလေး(၃၆)နှစ်၏နေအိမ်အား ဝင်ရောက်စစ်ဆေးရာ ဝါဝါမြင့်(ခ)ခိုလေး အား နှစ်လုံးထီ လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများဖြင့် လည်းကောင်း၊ အလားတူ ညနေ ၄ နာရီ ၅၀ မိနစ်တွင် ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေ များနှင့်အတူ လောင်းကစားသတင်းအရ ခြောက်အိမ်တန်းကျေးရွာနေ ဦးအောင်အောင်(၄၀)နှစ်၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရာ အောင်အောင် အား နှစ်လုံးထီ/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများဖြင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ကျောင်းကုန်း မြို့မရဲစခန်း (ပ)၅၁/၂၀၂၆၊ (ပ)၅၂/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

သတင်းစာများ - ၃၅၂၇ ခု

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download