၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် အခြေခံပညာစာမေးပွဲများ၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် ဆရာအတတ်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ နှစ်ဝက်ဆုံးစာမေးပွဲများအားလုံး အောင်မြင်စွာ ကျင်းပပြီးစီး
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် အခြေခံပညာစာမေးပွဲများ၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် ဆရာအတတ်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ နှစ်ဝက်ဆုံးစာမေးပွဲများအားလုံး အောင်မြင်စွာ ကျင်းပပြီးစီး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 26, 2025
နေပြည်တော် မတ် ၂၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် အခြေခံပညာစာမေးပွဲများ၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် ဆရာအတတ်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ နှစ်ဝက်ဆုံးစာမေးပွဲများအားလုံး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ စာမေးပွဲများအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် မိမိတို့ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ပေးခဲ့ကြသည့် အခြေခံ၊ အဆင့်မြင့်၊ ဆရာအတတ်ပညာများမှ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများအားလုံးကို အထူးပင်ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆက်လက်၍ အဖြေလွှာများကို စစ်ဆေးရာတွင် အမှားအယွင်းမရှိအောင် အထူးအလေးထားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။
နွေရာသီကျောင်းပိတ်ရက်များတွင် ဆရာ ဆရာမများ၏ သင်ကြားသင်ယူမှုနှင့် ဘာသာရပ်ဆိုင်ရာ အရည်အသွေးများ တိုးတက်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် သက်ဆိုင်ရာ မွမ်းမံသင်တန်းများတွင် ကြိုးပမ်းသင်ယူကြစေလိုကြောင်း၊ ဆရာ ဆရာမများ၏ အရည်အသွေးမြင့်မားနေမှသာ အရည်အချင်းရှိသည့် ကျောင်းသား ကျောင်းသူများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအတွက်လည်း နွေရာသီတွင် အကျိုးရှိထိရောက်စေမည့် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးစေလိုပါကြောင်း၊ ပညာရေးအရည်အသွေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားလုံးက ညီညီညွတ်ညွတ် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က တက္ကသိုလ်ကျောင်းသားများ၏ ကျောင်းဝင်ကြေး၊ ကျောင်းလခများကို ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ဖြင့် မတ် ၁၇ ရက်မှ စတင်ဆောင်ရွက်နေပါကြောင်း၊ နွေရာသီ ဆရာ ဆရာမ အရည်အသွေးမြှင့်သင်တန်းဖွင့်လှစ်ရာတွင် ဘာသာရပ်အရည်အသွေးသာမက သင်ပြနည်းအရည်အသွေးတိုးတက်စေရန် ကမ္ဘာ့တက္ကသိုလ်ကြီးများတွင် ကျင့်သုံးနေသော Interactive Teaching and Learning စနစ်ဖြင့် အပြန်အလှန်ဆွေးနွေးသင်ကြားသင်ယူနည်းကို လေ့ကျင့်ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပညာရေးဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ၊ ဆရာ ဆရာမများအားလုံး ညှိညှိနှိုင်းနှိုင်း၊ စည်းစည်းလုံးလုံး ဆောင်ရွက်မည်ဆိုပါက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအားလုံး ရည်မှန်းချက်များကို အခက်အခဲမရှိ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်တို့က တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၅၁၁ ခု
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
