၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်သည့် စစ်သည်များပါဝင်သော မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 14, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၁၃

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်းနှင့် အစားခန့်ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များသည် နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့် အသိပညာများ အတုယူလေ့လာနိုင်စေရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့‌ လေ့လာရေးခရီးစဉ် သွားရောက်ကြမည်ဖြစ်ရာ အဆိုပါလေ့လာရေးအဖွဲ့သည် ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။

အဆိုပါ ထူးချွန်လူငယ်များပါဝင်သည့် လေ့လာရေးအဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ ဌာနကြီးမှူး ဦးအောင်ရဲဝင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၏ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရင်းရင်းနှီးနှီး လိုက်လံ အားပေးပြီး ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ ထူးချွန်လူငယ်များပါဝင်သည့် လေ့လာရေးအဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီး မျိုးမြင့် အောင် ဦးဆောင်၍ စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး နိုင်ငံတော်အဆင့် ဘက်စုံပညာထူးချွန် လူငယ်ရွေးချယ်ခံရသည့် ကျောင်းသား ကျောင်းသူ ၁၁ ဦး၊ အမှတ်အများဆုံးရရှိသော ကျောင်းသား ကျောင်းသူ ၁၆ ဦး၊ ဂုဏ်ထူးတစ်ဘာသာဖြင့် အောင်မြင်သော စစ်သည် တစ်ဦးနှင့် ကျောင်းအုပ်ချုပ်မှု တာဝန်ခံ နှစ်ဦး၊ အုပ်ချုပ်မှုအဖွဲ့ဝင် လေးဦး စုစုပေါင်း ၃၄ ဦးတို့ပါဝင်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ အောက်တိုဘာ ၁၈ ရက်အထိ လေ့လာရေးခရီးစဉ်ကာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ Tian Tan ပန်းခြံ၊ Tian an men ရင်ပြင်၊ မဟာတံတိုင်းကြီး (Great Wall) နှင့် အခြားအထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်းများ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရှိရ သည်။

တပ်မတော်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ တပ်မတော်သားမိသားစုဝင် သား၊ သမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးများနှင့် စစ်သည်အစားခန့် အရပ်သားအမှုထမ်းများ၏သား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင် ပေးအပ်ခဲ့ပြီး ဆုရရှိသူများအနက်မှ ထူးချွန်စစ်သည်နှင့် ဘက်စုံထူးချွန်လူငယ်များအား ၂၀၁၃ ခုနှစ်မှစ၍ ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစဉ် များ စီစဉ်စေလွှတ်ပေးခဲ့ရာ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်တွင် ခေတ္တရပ်နားခဲ့ရပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်၍ လေ့လာ‌ရေးခရီး ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်လေ့လာကြမည့် အုပ်ချုပ်သူများနှင့် မျိုးဆက်သစ်ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၏ လေ့လာရေးခရီးစဉ်နှင့်ပတ်သက်၍ ပြောကြားမှုများကို ယခုကဲ့သို့ ကြားသိရပါသည်-

ဗိုလ်မှူးကြီး မျိုးမြင့်အောင်

(‌‌လေ့လာရေးအဖွဲ့ခေါင်းဆောင်)

အခုလေ့လာရေးခရီးသွားရမယ့်အစီအစဉ်ကတော့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ထူးချွန်စွာအောင်မြင်ခဲ့တဲ့ စစ်မှုထမ်းဆဲ စစ်မှုထမ်းဟောင်း သား၊ သမီးများထဲမှ အမှတ်အများဆုံးနဲ့ လူရည်ချွန်ရရှိခဲ့တဲ့ ကျောင်းသား ကျောင်းသူ ၂၇ ဦး၊ တစ်ဘာသာဂုဏ်ထူးရစစ်သည် တစ်ဦး၊ အောင်ချက်အကောင်းဆုံး ရရှိခဲ့တဲ့ တပ်မတော်အခြေခံပညာ အထက်တန်း ကျောင်းနှင့် တပ်မတော်ပညာရေးကျောင်းတို့မှ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်ချုပ် မှုတာဝန်ခံ အုပ်ချုပ်မှုအဖွဲ့ဝင် ခြောက်ဦး စုစုပေါင်း ၃၄ ဦး ပါဝင်တဲ့လေ့လာရေး အဖွဲ့ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ Tian an men ရင်ပြင်၊ မဟာတံတိုင်းကြီး၊ ဗုဒ္ဓမြတ်စွယ်တော် ကျောင်းတိုက်၊ ကွမ်ကျိုးမြို့မှာရှိတဲ့ တက္ကသိုလ်တစ်ခုနဲ့ ကွမ်ကျိုးတာဝါ စတဲ့အထင်ကရနေရာ တွေကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ အခုလို သွားရောက်တဲ့ခရီးစဉ်မှာ ကျွန်တော့်အနေနဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် သွားရောက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အခုလို သွားရောက်ခွင့်ရရှိခဲ့တဲ့ အတွက် တပ်မတော်အကြီးအကဲနဲ့ တာဝန်ရှိသူများအား အထူးပင်ကျေးဇူး တင်ရှိကြောင်း ပြောကြားလိုပါတယ်။

ထူးချွန်ကျောင်းသား ကျောင်းသူတွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အခုလို လေ့လာရေးခရီးစဉ် စေလွှတ်ပေးခြင်းဖြင့် တရုတ်နိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေး မှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တဲ့ နည်းပညာအခြေခံစနစ်များ၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်မှုများ စတဲ့ကောင်းမွန်တဲ့ အသိပညာဗဟုသုတတွေ ရရှိမှာဖြစ်ပါတယ်။ ရရှိလာတဲ့ ကောင်းမွန်တဲ့ အသိပညာ ဗဟုသုတတွေကို ကျောင်းသား ကျောင်းသူတွေရဲ့ အနာဂတ်အတွက် များစွာ အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ထူးချွန်ကျောင်းသား ကျောင်းသူတွေကို တရုတ်နိုင်ငံကို လေ့လာရေးခရီးစေလွှတ် ပေးတဲ့အတွက် ကောင်းမွန်တဲ့ အသိအမြင်ဗဟုသုတများရရှိကာ နိုင်ငံတော်နဲ့ တပ်မတော်က အားထားရတဲ့ အရည်အချင်းပြည့်ဝတဲ့ သားကောင်းရတနာ သမီးကောင်းရတနာများအဖြစ် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မယ် လို့ ယုံကြည်မိပါတယ်။

ဒုတိယတပ်ကြပ် ကောင်းမြတ်ကျော်

(တစ်ဘာသာဂုဏ်ထူးရှင်)

ကျွန်တော်က ပညာရေးကျောင်းကနေ တစ်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ စစ်သည်တစ်ယောက်အနေနဲ့ ကြိုးစားရတာ အပြင်ကျောင်းတွေလိုမျိုးမဟုတ်ပါဘူး။ တပ်မတော်သား တစ်‌ယောက်ရဲ့တာဝန်တွေလည်း ကျေပွန်အောင် ဆောင်ရွက်ရ‌တယ်။ အဲဒီလိုရတဲ့အချိန်တွေထဲကနေ စာကိုမနားမနေ ကြိုးစားကျက်မှတ်ခဲ့တာပါ။ ကျောင်းမှာ သင်ကြားပေးတဲ့ သင်ခန်းစာ‌တွေကို ကြိုးစား‌သင်ယူပါတယ်။ ညဘက်ရောက်တဲ့အခါမှာလည်း မအိပ်ဘဲ ညဉ့်နက်တဲ့ အထိ ‌လေ့လာကျက်မှတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကို လေ့လာရေးခရီး သွားရောက် လည်ပတ်ခွင့်ရတဲ့အတွက် အလွန်ဂုဏ်ယူဝမ်းသာမိပါတယ်။ လေ့လာရေးခရီးစီစဉ်ပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အထူးကျေးဇူးတင်ရှိပါတယ်။

မခင်တင့်တယ်ထက်

(ခြောက်ဘာသာဂုဏ်ထူးရှင်)

ခြောက်ဘာသာဂုဏ်ထူးရဖို့အတွက် တစ်နှစ်ပတ်လုံး တစိုက်မတ်မတ် စာကို ကြိုးစားခဲ့ရပါတယ်။ ငယ်ငယ်ကတည်းက ဆရာဝန်ဖြစ်ချင်တယ်ဆိုတဲ့ အိပ်မက်နဲ့ တစိုက်မတ်မတ် ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်။ အခုလို ဂုဏ်ထူးရတဲ့ ကျောင်းသားကျောင်းသူတွေကို နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူတွေက တရုတ်နိုင်ငံကို လေ့လာရေးစေလွှတ်ပေးတဲ့အတွက် အလွန်ဝမ်းသာပီတိ ဖြစ်ရပါတယ်။ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ အစားအသောက်တွေ၊ လူမျိုးတွေအားလုံးကို လေ့လာရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေမိပြီး သူငယ်ချင်းတွေ အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါ တယ်။ အခုလို လေ့လာ‌ရေးခရီးစေလွှတ်ပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူတွေအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ အနာဂတ်ရည်မှန်းချက်က ဆရာဝန်တစ်ယောက် ဖြစ်ချင်ပါတယ်။ ဒီလို ဆရာဝန်တစ်ယောက်ဖြစ်ဖို့ကိုလည်း အခုချိန်ကတည်းက ကြိုးစားနေပါ တယ်။

မောင်အောင်ခန့်ကို

(ခြောက်ဘာသာဂုဏ်ထူးရှင်)

တစ်နှစ်ပတ်လုံး စာကို အစဉ်မပြတ်ဘဲ တစ်နေ့စာတစ်နေ့ ပုံမှန်ကျက်မှတ်ပါတယ်။ ဆရာ ဆရာမတွေ သင်ကြားပြသမှုတွေကို သေသေချာချာ လိုက်နာမှတ်သားတယ်။ မေးခွန်းဟောင်းတွေကို အထပ်ထပ်အပြန်ပြန် လေ့ကျင့်တယ်။ စာကို ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် ကြိုးစားကျက်မှတ်ပါတယ်။ ကျွန်တော်တို့ ကြိုးစားမှုတွေ အရာထင်လာအောင် အသိအမှတ်ပြုပြီးတော့ လေ့လာ‌ရေးခရီး စေလွှတ်ပေးတဲ့အတွက်လည်း အထူးဝမ်း‌မြောက်ဂုဏ်ယူမိပါတယ်။ အခုလို တရုတ်နိုင်ငံကို လေ့လာရေးခရီးစေလွှတ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ပညာဆက်လက်သင်ကြားပြီး အင်ဂျင်နီယာ ဘွဲ့ယူပါမယ်။ ပြီးရင် PhD အထိရအောင် ကြိုးစားသွားမှာပါ။

သတင်းစာများ - ၃၃၁၇ ခု

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ ၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက် ၊ အောက်တိုဘာ ၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download