၂၀၂၅ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ စခန်းပေါင်းစုံပြိုင်ပွဲများပြုလုပ်၊ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂ဝ၂၅) နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁/၂ဝ၂၅) သင်တန်းများမှ ထူးချွန်ဆုရသင်တန်းသားများ လေယာဉ်/ရဟတ်ယာဉ်များ လိုက်ပါပျံသန်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 12, 2025
image_latest


နေပြည်တော် မေ ၁၂

တပ်မတော် (ရေ) က ၂ဝ၂၅ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် ရန်ကုန်မြို့ရှိ တပ်မတော် (ရေ)၊ လှေလှော်ရွက်တိုက်အသင်း (အင်းလျားကန်) ၌ စခန်းပေါင်းစုံရေတပ်သားအချက်ပြဆက်သွယ်ရေးဆိုင်ရာ ပြိုင်ပွဲများနှင့် လှေလှော်ရွက်တိုက်ပြိုင်ပွဲများကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းအုပ်ချုပ်သူများက တက်ရောက်ကြည့်ရှုအားပေးကြသည်။

ထို့နောက် သင်တန်းအလိုက် လက်ရိုက်အလံအချက်ပြပို့/ ဖမ်းခြင်းလက်တွေ့ ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ လေးယောက်လှော်လှေဝမ်းပြား မီတာ (၅ဝဝ) ပြိုင်ပွဲနှင့် Optimist ရွက်လှေပြိုင်ပွဲတို့အား နေပြည်တော်စခန်းတန်းခွဲ (၁)၊ နေပြည်တော်စခန်းတန်းခွဲ (၂)၊ အင်းယားစခန်း၊ ကိုကိုးကျွန်းစခန်း၊ ဟိုင်းကြီးကျွန်းစခန်း၊ မော်လမြိုင်စခန်း၊ ဟိန်းဇဲစခန်း၊ မြိတ်စခန်း၊ ကျွန်းစုစခန်း၊ ဘားအံစခန်းနှင့် ကျိုင်းတုံစခန်းစသည့် ရေကြောင်းလူငယ်သင်တန်းစခန်း ၁၁ ခုတို့မှ သင်တန်းသား၊ သင်တန်းသူများက အသင်းလိုက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းနောက် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းတို့မှ သင်တန်းသား၊ သင်တန်းသူများ၏ စခန်းပေါင်းစုံပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

အဆိုပါရေကြောင်းလူငယ်အခြေခံ/တန်းမြင့်သင်တန်း၊ အမှတ်စဉ် (၁/၂ဝ၂၅) ကို သင်တန်းစခန်း ၁၁ ခုတွင် သင်တန်းသား၊ သင်တန်းသူ (၈ဝဝ) ဦးဖြင့် ဧပြီလ ၂၂ ရက်မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

အလားတူ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းများမှ သင်တန်းသားများနှင့် နည်းပြအုပ်ချုပ်သူများသည် လေယာဉ်/ရဟတ်ယာဉ်များ လိုက်ပါပျံသန်းရန်၊ ပြိုင်ပွဲများကျင်းပရန်၊ လေ့လာရေးခရီးစဉ်များ ဆောင်ရွက်ရန်၊ စုပေါင်းသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ရန်နှင့် တပ်မတော်အကြီးအကဲ၏ ဩဝါဒခံယူရန်အတွက် မေ ၁၁ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေသို့ ရောက်ရှိကြသည်။

အဆိုပါသင်တန်းသားများအနက် သင်တန်းစခန်းအလိုက်မှ ထူးချွန်ဆုရသင်တန်းသားများသည် ယနေ့တွင် နေပြည်တော်လေတပ်စခန်း၌ လေယာဉ်/ ရဟတ်ယာဉ်များ လိုက်ပါမပျံသန်းမီ အထွေထွေကျန်းမာရေးစစ်ဆေးခြင်းနှင့် ကြိုတင်လေ့ကျင့်သင်ကြားဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး လေယာဉ်မောင်းသင်ကျောင်းမှ နည်းပြလေသူရဲများနှင့်အတူ အမောင်းသင်လေယာဉ်/ ရဟတ်ယာဉ်များအား လက်တွေ့လိုက်ပါပျံသန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစာများ - ၃၅၃၆ ခု

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download