၂၀၂၅ ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ်၏ အထွေထွေညီလာခံနှင့် ကမ္ဘာလုံးဆိုင်ရာ အင်ဂျင်နီယာကွန်ဂရက်သို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
၂၀၂၅ ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ်၏ အထွေထွေညီလာခံနှင့် ကမ္ဘာလုံးဆိုင်ရာ အင်ဂျင်နီယာကွန်ဂရက်သို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 16, 2025

နေပြည်တော် အောက်တိုဘာ ၁၅
ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့အစည်းများအဖွဲ့ချုပ် (World Federation of Engineering Organizations) ၏ ၂၀၂၅ ခုနှစ် အထွေထွေညီလာခံ (General Assembly)နှင့် ကမ္ဘာလုံးဆိုင်ရာ အင်ဂျင်နီယာကွန်ဂရက် (Global Engineering Congress ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်မှ ၁၇ ရက်အထိ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မြတ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဌေး၊ အင်ဂျင်နီယာပညာရေး စိစစ်အသိအမှတ်ပြုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်မင်းအောင်နှင့် မြန်မာကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အစိမ်းရောင်အင်ဂျင်နီယာပညာရပ် (Green Engineering)သည် အထူးပြုဘာသာရပ် တစ်ခုထက်ပိုမိုပြီး လူသားနှင့်သဘာဝတို့အကြား ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် အကျင့်စာရိတ္တလမ်းညွှန် (Moral Compass)ဖြစ်ရန်လိုအပ်ကြောင်း၊ တရုတ်သိပ္ပံနှင့်နည်းပညာအသင်းကြီး(CAST)သည် မြန်မာနိုင်ငံအင်ဂျင်နီယာများ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအခန်းကဏ္ဍမှ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ တရုတ်သိပ္ပံနှင့် နည်းပညာအသင်းကြီးနှင့် အာရှပစိဖိတ်ဒေသရှိ အင်ဂျင်နီယာအသင်းများ၏ ထောက်ခံမှုဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီသည် ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့အစည်းများအဖွဲ့ချုပ် (WFEO) ၏ အမြဲတမ်းအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး ဝါရှင်တန်သဘောတူညီချက် (Washington Accord)၊ အာရှနှင့် ပစိဖိတ်ဒေသရှိ အင်ဂျင်နီယာပညာရေး စိစစ်အသိအမှတ်ပြုအစီအစဉ်များ၏ အရည်အသွေးနှင့်စံနှုန်းကို အသိအမှတ်ပြုခြင်းရရှိခဲ့ကြောင်း၊ အနာဂတ်အင်ဂျင်နီယာပညာရေးသည် စက်ယန္တရားများအပေါ် မူတည်မနေဘဲ အဓိပ္ပာယ်ရှိသည့် ပြည်သူ့အကျိုးပြု ဖော်ဆောင်မှုအပေါ် အခြေခံထားသင့်ပြီး သက်ဆိုင်ရာဓာတ်ခွဲစမ်းသပ်ခန်း၊ သုတေသနဌာနများသာမက လူငယ်များ၏ စိတ်နှင့်ဉာဏ်ပညာရည်တိုးတက်မှုအပေါ် ရင်းနှီးမြှုပ်နှံသွားရမည်ဖြစ်ကြောင်း၊ အင်ဂျင်နီယာပညာရပ်သည် အရင်းအမြစ်အသုံးပြုပြီး ပြိုင်ဆိုင်ခြင်းမဟုတ်ဘဲ မျှော်လင့်ချက်ကို လက်တွေ့အဖြစ် ပြောင်းလဲနိုင်ရန် တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
အမှာစကားပြောကြား
အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာလုံးဆိုင်ရာ အင်ဂျင်နီယာညီလာခံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာဖိုရမ်သို့ တက်ရောက်ပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၏ ကမ္ဘာကိုတိုးတက်ပြောင်းလဲလာစေမှုစွမ်းအားခေါင်းစဉ်ဖြင့် အမှာစကားပြောကြားသည်။
ယခုနှစ်ညီလာခံ၏ အဓိကဆောင်ပုဒ်မှာ “အင်ဂျင်နီယာသည် စိမ်းလန်းသောအနာဂတ်ကို ဖန်တီးပုံဖော်သည်” (Engineering shapes a Green Future) ဖြစ်ပြီး အဆိုပါညီလာခံကို World Federation of Engineering Organizations (WEFO) အပါအဝင် တရုတ်သိပ္ပံနှင့်နည်းပညာအသင်းကြီး (China Association for Science and Technology– CAST)၊ တရုတ်အင်ဂျင်နီယာအကယ်ဒမီနှင့် ရှန်ဟိုင်းမြို့ပြအစိုးရတို့ ပူးပေါင်း၍ ညီလာခံနှင့်ကွန်ဂရက်အား အင်ဂျင်နီယာနည်းပညာများက ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန်၊ စိမ်းလန်းသော စီးပွားရေးတိုးတက်မှုကိုမြှင့်တင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ပြီး လူသားဗဟိုပြုသော ဖွံ့ဖြိုးတိုးတက်မှုမူဘောင်ကိုဖန်တီးရန်နှင့် လူသားများ၏ ဘဝလိုအပ်ချက်များကို မြှင့်တင်ရာတွင် ပါဝင်ဆောင်ရွက်ရမည့်အခန်းကဏ္ဍများကို အလေးထား ဆွေးနွေးရန်၊ ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (SDGs)ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၃၂၀ ခု

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download