၂၀၂၅ ခုနှစ် အာရှယူ-၁၇ ခြေစစ်ပွဲများတွင် အောင်မြင်ခဲ့သော မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၇ အသင်းနှင့် အမျိုးသမီး ယူ-၁၇ အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
၂၀၂၅ ခုနှစ် အာရှယူ-၁၇ ခြေစစ်ပွဲများတွင် အောင်မြင်ခဲ့သော မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၇ အသင်းနှင့် အမျိုးသမီး ယူ-၁၇ အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 01, 2026
ရန်ကုန် ဇန်နဝါရီ ၃၁
၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အာရှယူ-၁၇ ခြေစစ်ပွဲများတွင် အောင်မြင်ခဲ့သော မြန်မာ့လက်ရွေးစင်အမျိုးသား ယူ-၁၇ အသင်းနှင့် အမျိုးသမီး ယူ-၁၇ အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်း Novotel Hotel Max ရှိ ပုသိမ်ခန်းမ(မြေညီထပ်)၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) လူမှုအကျိုးပြုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ကလပ်အသင်းပိုင်ရှင်များ၊ အလှူရှင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ယူ-၁၇ အမျိုးသား / အမျိုးသမီး လက်ရွေးစင်အားကစားသမားများ တက်ရောက်ကြသည်။
ဂုဏ်ပြုပွဲ၌ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အာရှယူ-၁၇ ခြေစစ်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့မှု ဗီဒီယိုရုပ်သံအား ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မလျော့သောဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြသည့်အတွက် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ပြီး အောင်မြင်မှုများ ရရှိခဲ့ ပါကြောင်း ၊ ၂၀၀၆ ခုနှစ်တွင်သာ ခြေစစ်ပွဲအောင်မြင်ခဲ့ ပြီး နှစ် ၂၀ အကြာ ယခု ၂၀၂၅ ခုနှစ်တွင် ပြန်လည်၍ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နောင်လာမည့် အာရှဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲတွင်လည်း အောင်မြင်မှုများရရှိပြီး ကမ္ဘာ့အဆင့် အသက် (၁၇) နှစ်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် နိုင်ကာနိုင်ငံ့ဂုဏ်ကို ပိုမိုမြှင့်တင်နိုင်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌမှ ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေကျပ်သိန်း ၁၀၀၀ ကို ပြည်ထောင်စုဝန်ကြီးက ပေးအပ်ရာ အသက် (၁၇) နှစ်အောက် မြန်မာ့လက်ရွေးစင်အမျိုးသား /အမျိုးသမီး ဘောလုံး အသင်းတို့က လက်ခံရယူကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များက အာရှယူ-၁၇ ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် အသက်(၁၇)နှစ်အောက် မြန်မာ့လက်ရွေးစင် အမျိုးသားနှင့် အမျိုးသမီးဘောလုံးအသင်းတို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသ ကြီးဝန်ကြီးချုပ်တို့က လက်ခံရယူသည်။
ဆက်လက်၍ အလှူရှင်များက အသက်(၁၇)နှစ်အောက် အမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်း အတွက် ဂုဏ်ပြုချီးမြှင့်ငွေစုစုပေါင်း ငွေကျပ်သိန်း ၃၅၀၀ နှင့် အသက် (၁၇)နှစ်အောက် အမျိုးသား လက်ရွေးစင်ဘောလုံး အသင်းအတွက် ဂုဏ်ပြုချီးမြှင့် ငွေစုစုပေါင်း ငွေကျပ်သိန်း ၅၅၀၀ တို့ကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) လူမှုအကျိုးပြုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမျိုးသမီးဘောလုံးကော်မတီဥက္ကဋ္ဌတို့က ချီးမြှင့်ပေးအပ်ရာ အာရှယူ-၁၇ ခြေစစ်ပွဲအောင်မြင်ခဲ့သော အသက်(၁၇) နှစ်အောက် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် အမျိုးသမီးဘောလုံး အသင်းတို့မှ အားကစားသမားများက လက်ခံရယူကြသည်။
ထို့နောက် အသက်(၁၇)နှစ်အောက် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း (ကိုယ်စား)အားကစားသမား အယ်အယ်ဆိုင်းထွယ်နန်းနှင့် အသက်(၁၇)နှစ်အောက် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း(ကိုယ်စား) အသင်း ခေါင်းဆောင်အောင်သီဟတို့က ကျေးဇူးတင်စကား ပြောကြားပြီး မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၂၈ ခု
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
