၂၀၂၅ ခုနှစ် (၁၄)ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာကျောင်းသားအားကစားအဖွဲ့ကို သွားရောက်အားပေး အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ
၂၀၂၅ ခုနှစ် (၁၄)ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာကျောင်းသားအားကစားအဖွဲ့ကို သွားရောက်အားပေး အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 18, 2025

နေပြည်တော် အောက်တိုဘာ ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ခေတ္တပါမောက္ခချုပ်တို့နှင့်အတူ လယ်ဝေးမြို့နယ်ရှိ လေ့ကျင့်ရေးအားကစားကွင်းတွင် (၁၄)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် လေ့ကျင့်မှုများ ဆောင်ရွက်နေသည့် မြန်မာကျောင်းသားအားကစားအဖွဲ့အား သွားရောက်တွေ့ဆုံ အားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြိုင်ပွဲအတွက် လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား ပြိုင်ပွဲတွင် ကောင်းမွန်စွာယှဉ်ပြိုင်ကစားနိုင်ရေးအတွက် စနစ်တကျလေ့ကျင့် သင်ကြားပေးရန်၊ ကျောင်းသား ကျောင်းသူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး သေချာစွာစီစဉ်ပေးရန်နှင့် ပြိုင်ပွဲဝင်အခြားအာဆီယံနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးအတွက် အဘက်ဘက်မှ ပံ့ပိုးပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံကာ နိုင်ငံတော်ကို ကိုယ်စားပြု၍ သွားရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည့်အတွက် အလွန်ပင်အားထားဂုဏ်ယူရပါကြောင်း၊ ပြိုင်ပွဲတွင် Teamwork ဖြင့် ယှဉ်ပြိုင်ရသော ကစားနည်းများအတွက် ခေါင်းဆောင်ဖြစ်သူ၏စကားကို လိုက်နာရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများအနေဖြင့် အားလပ်ချိန်များတွင် ပြိုင်ပွဲနှင့်သက်ဆိုင်သော အကြောင်းအရာများကို ကြိုတင်လေ့လာခြင်း၊ ပြိုင်ပွဲကျင်းပမည့် ဘရူနိုင်းနိုင်ငံ၏ ရိုးရာဓလေ့ထုံးစံများကိုလည်း ကြိုတင်လေ့လာထားခြင်းများ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ပြိုင်ပွဲတွင် အခြားနိုင်ငံများမှ ပြိုင်ပွဲဝင်များနှင့်လည်း ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံကြရ မည်ဖြစ်ကြောင်းနှင့် အုပ်ချုပ်သူများ၊ နည်းပြများ၏ သွန်သင်ဆုံးမမှုများအပေါ် လေးစားလိုက်နာကြရန် လိုအပ်ကြောင်း ပြောကြားပြီး ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်သည်။
(၁၄)ကြိမ်မြောက် အာဆီယံကျောင်းသားအား ကစားပြိုင်ပွဲကို ဘရူနိုင်းနိုင်ငံတွင် နိုဝင်ဘာ၂၀ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ပြေးခုန်ပစ်(မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀၊ မီတာ ၈၀၀၊ မီတာ ၁၅၀၀၊ မီတာ ၃၀၀၀၊ သံလုံးပစ်၊ သံပြားဝိုင်းပစ်၊ လှံတံပစ်)၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်နှင့် ဘတ်စကက်ဘော စသည့်အားကစား နည်းလေးမျိုးတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီးတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများမှ လက်ရွေးစင် ကျောင်းသား ကျောင်းသူ (Grade-5 မှGrade-12)စုစုပေါင်း ၅၂ ဦး ပါဝင်ယှဉ်ပြိုင်ကစားကြ မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၃၂၁ ခု

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download