“နှစ်နိုင်ငံဆက်ဆံရေးကို အထောက်အကူပြုသည့် ချစ်ကြည်ရေးခရီးစဉ်များ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပ
“နှစ်နိုင်ငံဆက်ဆံရေးကို အထောက်အကူပြုသည့် ချစ်ကြည်ရေးခရီးစဉ်များ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 07, 2026
နေပြည်တော် မတ် ၆
မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ အိမ်နီးချင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးစွာဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်အတွက် နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်များ စီစဉ်ဆောင်ရွက်သည့် လုပ်ငန်းစဉ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဝန်ထမ်းများ ပိုမိုကျယ်ပြန့်စွာ သိရှိနားလည်လာစေရန်နှင့် အဆိုပါခရီးစဉ်များကို စီစဉ်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးရန် ရည်ရွယ်ချက်များဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာနက ကြီးမှူး၍ “နှစ်နိုင်ငံ ဆက်ဆံရေးကို အထောက်အကူပြုသည့် ချစ်ကြည်ရေးခရီးစဉ်များ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။
ဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်က အဖွင့်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲပထမပိုင်းကို ကျင်းပရာ သံအမတ်ကြီး (ငြိမ်း) ဦးသာအောင်ညွန့်က “အထင်ကရ ချစ်ကြည်ရေးခရီးစဉ်များ စီစဉ်ဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်ထွန်းက “ခရီးစဉ်အမျိုးအစားများ၏ သဘောသဘာဝနှင့် ကျင့်သုံးလျက်ရှိသော လုပ်ငန်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းအောင်ကျော်က “ခရီးစဉ်ပြင်ဆင်မှုအဆင့်ဆင့်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြသည်။
ထို့နောက် State Banquet ဖြင့် တည်ခင်းဧည့်ခံခြင်းကို Simulation ပုံစံဖြင့် ခင်းကျင်းသရုပ်ပြသည်။
မွန်းလွဲပိုင်းတွင် ဆွေးနွေးပွဲဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချစ်ဝင်းက Moderator အဖြစ် ဆောင်ရွက် ပြီး သံအမတ်ကြီး (ငြိမ်း) ဦးသာအောင်ညွန့်၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်ထွန်းနှင့် ဝါရင့်သံတမန်ဝန်ထမ်းဟောင်း ဦးစိန်ညွန့်တို့က Panelist များအဖြစ် Panel Discussion တွင် ပါဝင်ဆွေးနွေးကြပြီး တက်ရောက်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၅၀၀ ခု
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
