“မူးယစ်ဆေးဝါးနှင့် စိတ်ပညာအကြောင်း သိကောင်းစရာ” လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
“မူးယစ်ဆေးဝါးနှင့် စိတ်ပညာအကြောင်း သိကောင်းစရာ” လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 31, 2025

နေပြည်တော် ဇူလိုင် ၃၀
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် “မူးယစ်ဆေးဝါးနှင့် စိတ်ပညာအကြောင်း သိကောင်းစရာ” လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)၌ ကျင်းပသည်။
ဦးစွာ ကျောင်းသားကျောင်း သူများက “လှမ်းလို့ဖိတ်ခေါ် GTI နေပြည်တော်” သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က မူးယစ်ဆေးဝါးသည် လူငယ်များ၏ အိပ်မက်များ၊ စွမ်းရည်များနှင့် အနာဂတ်ကိုဖျက်ဆီးနိုင်သည့်အတွက် ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို ကျောင်းသင်ဘာသာရပ်များအပြင် ဘဝတွင် ကြုံတွေ့လာရမည့် ပြောဆိုဆက်သွယ်မှု၊ စီမံခန့်ခွဲမှု၊ လူမှုဆက်ဆံရေး ကောင်းမွန်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ပြဿနာများကို ဖြေရှင်းတတ်မှု၊ မှန်ကန်စွာဆုံးဖြတ်ချက်ချမှတ်နိုင်မှု၊ တီထွင်ဖန်တီးနိုင်မှုတို့အပြင် မူးယစ်ဆေးဝါးကင်းစင်သည့် လူ့ဘောင်သစ်တစ်ခုကို တည်ဆောက်ပေးနိုင်ပြီး ဘဝကိုအောင်မြင်စွာ တည်ဆောက်နိုင်သည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင် သင်ကြားပေးသွားရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဒေသလိုအပ်ချက်နှင့်ကိုက်ညီသည့် အသိပညာပေးသင်တန်းများနှင့် သက်မွေးပညာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်) ကျောင်းအုပ်ဆရာကြီးထံအား ကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့က အသိပညာပေးဟောပြောမည့် ဇမ္ဗူသီရိမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာလင်းပြည့်သိမ်းကို အမှတ်တရ ဂုဏ်ပြုလက်ဆောင် များကို ပေးအပ်ပြီး ဇမ္ဗူသီရိ မြို့နယ်ကျန်းမာရေးမှူးက “မူးယစ်နှင့် စိတ်ပညာအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောကာ လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူကဉာဏ်စမ်းပဟေဠိ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေဆိုနိုင်သူများကို အမှတ်တရ ဆုလက်ဆောင်များပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၂၄၀ ခု

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။
