(၁၃) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ပထမနေ့ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 16, 2025
image_latest


ဖနောင်ပင် အောက်တိုဘာ ၁၅

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ်သည့် (၁၃) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်လျက်ရှိသည်။

နှုတ်ခွန်းဆက်စကားပြောကြား

အောက်တိုဘာ ၁၅ ရက်တွင် အစည်းအဝေး ပထမနေ့အဖြစ် (၁၃) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးကို ကျင်းပရာ အာဆီယံအတွင်းရေးမှူးချုပ် DR. KAO KIM HOURN နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ Senior Minister၊ First Vice President နှင့် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး၏ အလှည့်ကျဥက္ကဋ္ဌ H.E. KITTE SANGAHAK BANDITH KUN KIM တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

ယင်းနောက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ်အခြေအနေတုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘောတူညီချက်လုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀)(AADMER Work Program 2026-2030) ကို မှတ်တမ်းဗီဒီယိုဖြင့်မိတ်ဆက်ပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ်အခြေအနေ တုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘောတူညီချက် လုပ်ငန်းအစီအစဉ်(AADMER) အကောင်အထည်ဖော်ဆောင်ရွက်မှု နှစ်(၂၀)ပြည့် မှတ်တမ်းဗီဒီယိုနှင့် အထိမ်းအမှတ်အာဆီယံမဂ္ဂဇင်း မှတ်တမ်းဗီဒီယို၊ ကုလသမဂ္ဂ ဘေးန္တရာယ်ဆိုင်ရာထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးရုံး (UNDRR) က ဝန်ကြီးများအဆင့် အစည်းအဝေးသို့ ပေးပို့သော သတင်းစကားဗီဒီယို၊ ကမ္ဘောဒီးယားနိုင်ငံ၏ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် မှတ်တမ်းတင်ဗီဒီယိုတို့ကို ပြသသည်။

ထို့နောက် ဝန်ကြီးများအဆင့် အစည်းအဝေးကို ဆက်လက်ကျင်းပရာ အာဆီယံနိုင်ငံများအလိုက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများက နိုင်ငံအလိုက် ဘေးအန္တရာယ်စီမံခန့်ခွဲလုပ်ဆောင်နေမှုများကို ပြောကြားကြရာ ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ်အခြေအနေတုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘော တူညီချက်(ASEAN Agreement on Disaster Management and Emergency Response - AADMER) ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ပြည့်ပြီဖြစ်ပါကြောင်း၊ အာဆီယံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာများအလိုက် ဖွဲ့စည်းထားရှိသော အသိုက်အဝန်းသုံးခုတို့အနေဖြင့် မိမိတို့ တာဝန်ယူထားသည့်ကဏ္ဍနှင့် လုပ်ငန်းများကို ‌ဒေသတွင်း သ‌ဘောတူညီချက်များနှင့်အညီ စုစည်းညီညွတ်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းတွင် ပါဝင်သော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာနိုင်ငံအလိုက် ဝန်ကြီးဌာနများအကြား ပွင့်လင်းမြင်သာစွာနှင့် ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့်အတွက် အနှစ် ၂၀ ကာလအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ပူးပေါင်းပါဝင်ဆောင်ရွက်

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီး တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုများ၊ အာဆီယံနိုင်ငံများမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ လာရောက်ကူညီဆောင်ရွက်ပေးမှုများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ခဲ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် အဆိုပါ ကူညီမှုများသည် တစ်ခုတည်းသော အာဆီယံ၊ တစ်ခုတည်းသော တုံ့ပြန်မှု “ One ASEAN, One Response” မူကို လက်တွေ့ပြသနိုင်ခဲ့မှုဖြစ်ပါကြောင်း၊ ထို့အပြင် AADMER Work Programme 2021-2025 ပါ လုပ်ငန်းများကိုလည်း အတူလက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ ယခုအချိန်တွင် AADMER Work Programme 2026-2030 ကို အတည်ပြုပြီးဖြစ်သည့်အတွက် စီမံခန့်ခွဲဆောင်ရွက်မှု အစဉ်အလာကောင်းများ၊ အတွေ့အကြုံကောင်းများကို အသုံးချပြီး အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပိုမိုဘေးကင်းလုံခြုံပြီး ဘေးအန္တရယ်များမှ ခံနိုင်ရည်ရှိသော အာဆီယံဖြစ်လာစေရေး AADMER 2026-2030 အကောင်အထည်ဖော်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ နိုင်ငံအလိုက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဒုတိယဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် နိုင်ငံအလိုက်တာဝန်ရှိသူများ တက်ရောက်ကြသည်။ အဆိုပါ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်သည့် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ (၄၇) ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကိုလည်း အောက်တိုဘာ ၁၃ ရက်မှ ၁၄ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံတွင်ပင် ကျင်းပခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံအတွင်းရေး မှူးချုပ် DR. KAO KIM HOURN နှင့် သီးခြားတွေ့ဆုံ၍ ငလျင်ဘေးတုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဒေသတွင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ဆောင်နေမှုများကို အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်

သတင်းစာများ - ၃၃၂၀ ခု

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download