(၃၃) ကြိမ်မြောက် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ အစည်းအဝေးကျင်းပ
(၃၃) ကြိမ်မြောက် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ အစည်းအဝေးကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 29, 2026
နေပြည်တော် ဧပြီ ၂၈
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၃၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ် (၄၃) အစည်းအဝေးခန်းမ၌ကျင်းပရာ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်းက ပြည်တွင်းမျိုးစေ့ထုတ်လုပ်မှုတိုးမြှင့်ပြီး ပြည်ပမှမျိုးစေ့တင်သွင်းအသုံးပြုမှုလျှော့ချရေးအတွက် ပြည်တွင်းမျိုးစေ့ထုတ်လုပ်မှုများတွင် အရည်အသွေးပြည့်မီသည့် ဈေးကွက်ဝယ်လိုအားရှိပြီး သက်တမ်းတိုသီးနှံမျိုးစေ့များကို ပိုမိုထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့်မျိုးစေ့ထုတ်လုပ်ရေးသင်တန်းများပေးခြင်း၊ မျိုးစေ့ထုတ်လုပ်ရန် လိုအပ်သည့်မြေနေရာရရှိရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လျှောက်ထားအသုံးပြုခွင့်ပေးခြင်း၊ မျိုးစေ့ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရန် လိုအပ်သည့်အခြေခံအဆောက်အအုံများ တည်ဆောက်အသုံးပြုနိုင်ရန် စီမံဆက်စပ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အလားတူ MSME များနှင့် မျိုးစေ့ထုတ်လုပ်သူတောင်သူများအကြား ပေါင်းကူးဆက်သွယ်နိုင်ရေးဆောင်ရွက်ရာ၌ MSME များမှ လိုအပ်သည့်သီးနှံထွက်ကုန်ကြမ်းများ စိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သည့် အရည်အသွေးနှင့်ကိုက်ညီသော သီးနှံမျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ပေးနိုင်သည့် ဝန်းကျင်ကောင်းများ ဖန်တီးခြင်းလုပ်ငန်းအား ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ထိန်းကျောင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Seed Growers များကို နည်းမှန်လမ်းမှန် ဆောင်ရွက်ရန်လေ့ကျင့်ပေးပြီး အရင်းအနှီးရရှိရေးနှင့် စုပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ဖြစ်စေရေးအတွက် မျိုးစေ့အစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်းကို အလေးထား ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားသည်။
မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ၏ (၃၂) ကြိမ်မြောက် ကော်မတီအစည်းအဝေးအထိ လယ်ယာသီးနှံ ၇၆၂ မျိုး၊ ဥယျာဉ်ခြံသီးနှံ ၉၈၄ မျိုး၊ စက်မှုသီးနှံ ၁၃၇ မျိုးနှင့် မိဘမျိုးလိုင်း ၂၅၂ စုံ စုစုပေါင်း မျိုးသစ်မျိုးဖျား ၂၁၃၅ မျိုးကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခဲ့ပြီးဖြစ်သည်။
ယနေ့ကျင်းပသည့် (၃၃) ကြိမ်မြောက် အစည်းအဝေးတွင် သက်ဆိုင်ရာ သီးနှံကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီတို့က အဆင့်ဆင့် စိစစ်တင်ပြလာသည့် အသိအမှတ်ပြုလက်မှတ်၏ သက်တမ်း (၁၀) နှစ်ပြည့်မြောက်၍ သက်တမ်းထပ်တိုးမည့် သီးနှံမျိုးဖျား (၁၄) မျိုး၊ မျိုး အသစ်အဖြစ် လျှောက်ထားလာသည့် လယ်ယာသီးနှံ ၃၀၊ စက်မှုသီးနှံ တစ်မျိုး၊ ဥယျာဉ်ခြံသီးနှံ ၁၁ မျိုးနှင့် မိဘမျိုးလိုင်း ၁၂ စုံ စုစုပေါင်း မျိုးသစ်မျိုးဖျား ၆၈ မျိုးတို့အပေါ် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေး သုံးသပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၅၁၀ ခု
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
