(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသေားအားဖြင့် ဘားအံနည်းပညာတက္ကသိုလ်ကြက်ခြေနီအသင်းခွဲ ဘာသာရပ်ပေါင်းစုံစုပေါင်းသွေးလှူဒါန်း


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / January 24, 2025
(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသေားအားဖြင့် ဘားအံနည်းပညာတက္ကသိုလ်ကြက်ခြေနီအသင်းခွဲ ဘာသာရပ်ပေါင်းစုံစုပေါင်းသွေးလှူဒါန်း


ဘားအံ - ဇန်နဝါရီ (၂၄)

(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံနည်းပညာတက္ကသိုလ် ကြက်ခြေနီ အသင်းခွဲ ဘာသာရပ်ပေါင်းစုံစုပေါင်းသွေးလှူဒါန်းပွဲကို နံနက် ၁၀ နာရီက ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) သွေးလှူဘဏ်ဌာနခွဲ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအား ပေး၍ သွေလှူရှင်များအား အာဟာရဖြည့်စွက်အစားအစားများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)သွေးလှူဘဏ်ဌာနမှ ကျန်းမာရေးဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းကြမည့်  နည်းပညာတက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှ အသင်းဝင်များအား လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုဆောင်ရွက်ပေး နေမှုနှင့် သွေးလှူဒါန်းရန်ကျန်းမာရေးကိုက်ညီသူများက သွေးဖောက်ထုတ်လှူဒါန်းပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး သွေးလှူရှင်များအား အာဟာရဖြည့်စွက်အစားအစာများ ချီးမြှင့်ပေးအပ်ကာ သွေးလှူဘဏ် အတွင်းသွေးအမျိုးအစားအလိုက် ထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ စုပေါင်းသွေးလှူဒါန်းပွဲတွင်  နည်းပညာတက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းသား၊ကျောင်းသူ   ၅၁  ဦး စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း ဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၁၁၉၅ ကျောင်းမှ KG ကျောင်းသား၊ကျောင်းသူ ၂၄၈၇၄ ဦးအတွက် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကိုဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်းငွေကျပ် ၁၁၁၉၃၃၀၀ဝိ/-(တစ်ထောင်တစ်ရာတစ်ဆယ့်ကိုးသိန်းသုံးသောင်းသုံးထောင်ကျပ်)ကို ကျခံသုံးစွဲသွားမည်ဖြစ်ကြောင်း ၊ အခြေခံကျပြီးအရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို ပိုမိုခိုင်မာ အောင် အစဉ်တစိုက်ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာသော ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြပြီး အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ KG ကျောင်းသား၊ကျောင်းသူများ၏ စွမ်းအင်နှင့်အသားဓာတ်လိုအပ် ချက်၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသောအုပ်စု၊ အင်အားဖြစ်ထွန်းစေသောအုပ်စုနှင့် ရောဂါအမျိုးမျိုးမှကာကွယ်ပေးသော အုပ်စုတို့ပါဝင်သည့် အာဟာရအစားအစာများ ကျွေးမွေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူ များအား လိုအပ်သည်များမှာကြားခဲ့ပါသည်။

သတင်းစာများ - ၃၄၇၄ ခု

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download