(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်း၌ နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / February 03, 2026


ဘားအံ - ဖေဖော်ဝါရီ (၃)

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာမူလတန်း လွန်ကျောင်းရှိ (၁၀၀ပေ x ၃၀ပေ) RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

အဆိုပါကျောင်းဆောင်သစ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း(တည်ဆောက်ရေး)ရန်ပုံ ငွေကျပ်(၅၀၈ ဒဿမ ၃၆၈ သန်း)ဖြင့်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင်ပါဝင် အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံ များ ရိုက်ကူးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်ဖွင့်ပွဲကမ္ပည်းမော်ကွန်းအား အမွှေးနံ့ သာရည်များပက်ဖျန်းပေးကြပြီး အဆိုပါကျောင်းဆောင်သစ်ရှိစာသင်ခန်းများ၊ ပညာရေးဌာနမှဖြည့်ဆည်းပေးသော စာရေးခုံများ၊ ပရိဘောဂများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ယင်းနောက် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ဆက် လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မိဘများအနေဖြင့် မိမိတို့၏သားသမီးများကို အထက်တန်းအဆင့်ပြီးမြောက် အောင်သင်ကြားပေးကြရန်၊ ပညာသင်ကြားခွင့်ကို လမ်းကြောင်းမှန်သို့ရောက်အောင် လမ်းညွှန်ပေးကြရန်၊ ကျောင်းကော် မတီများ၊ အကျိုးတော်ဆောင်များကလည်း ကျောင်းဝင်နှုန်းမြင့်မားလာစေရေး ကျောင်းနေမြဲရေးတို့အတွက် ကြီးကြပ်ပံ့ပိုး ပေးကြရန်နှင့် ဆရာ၊ဆရာမများအနေဖြင့်လည်း တပည့်များအပေါ် ရင်ဝယ်သား၊သမီးကဲ့သို့စိတ်ထားမွန်မြတ်စွာဖြင့် စေတနာအရင်းခံ၍ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ကျောင်းဆောင်သစ်အား တာဝန်ယူတည်ဆောက်သည့်ကုမ္ပဏီက အဆောက်အဦဆိုင်ရာစာရွက်စာ တမ်းများကို ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးထံ လွှဲပြောင်းပေးအပ်ပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်ဖွင့်ပွဲသို့တက်ရောက်လာ သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။

 

သတင်းစာများ - ၃၄၅၅ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download