EV သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ
EV သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 25, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၄
လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့နံနက်ပိုင်းက Hybrid စနစ်ဖြင့် ကျင်းပသည့် EV သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆)သို့ တက်ရောက်သည်။
ဆောင်ရွက်ရန်လိုအပ်
ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်တွင် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဟူသော အမျိုးသားရေးဆောင်ပုဒ်နှင့်အညီ ဖန်လုံအိမ်ဓာတ်ငွေ့(မီးခိုးများ) ထုတ်လွှတ်သည့် ယာဉ်များသုံးစွဲမှုအစား EV သုံးစွဲမှုမှတစ်ဆင့် လေထုနှင့် အသံညစ်ညမ်းမှုများလျှော့ချနိုင်ကာ ကျန်းမာရေးကောင်းမွန်မှုအပါအဝင် အခြားအကျိုးကျေးဇူးများကို ပြည်သူတို့ အမှန်တကယ်ရရှိခံစားစေရေး၊ ကမ္ဘာနှင့် ရင်ပေါင်တန်းကာ EV ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအတိုင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက ၂၀၅၀ ပြည့်နှစ်အထိ လမ်းပြမြေပုံနှင့် မူဝါဒချမှတ်ကာ လုပ်ငန်းကော်မတီ ၅ ခုတို့က ညွှန်ကြားချက်များအတိုင်း တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ ကော်မတီ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလများအတွင်း ကျေပွန်အောင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း။
နိုင်ငံတော်အကြီးအကဲ၏ ၂၀၂၆ ခုနှစ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ EV ပြကွက်များအပေါ် လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အစီအမံများကို ဦးဆောင်ကော်မတီထံတင်ပြနိုင်ရေး၊ ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများသုံးသပ်နိုင်ရေး၊ EV လုပ်ငန်းရှင်များနှင့် EV သုံးစွဲသည့်ပြည်သူလူထု၏ EV နည်းပညာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် နည်းပညာဖြန့်ဝေရေးလုပ်ငန်းစဉ်များကို ချမှတ်ထားသည့် အစီအမံများအတိုင်း အကျိုးရှိထိရောက်အောင်ဆောင်ရွက်ရန်၊ မြန်ဆန်စွာဖွံ့ဖြိုးလျက်ရှိသော EV နည်းပညာအရွေ့များအတိုင်း အမီလိုက်ပါနိုင်ရန် သုတေသနများကို အရှိန်အဟုန်မြှင့်တင်ပူးပေါင်းဆောင်ရွက်ရန်၊ သုတေသနရလဒ်များမှ ဉာဏပစ္စည်းမူပိုင်ခွင့်များ ရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ရန်နှင့် လက်တွေ့ကျသော သင်တန်းသစ်များကို ထပ်မံတိုးချဲ့ ပူးပေါင်းဖွင့်လှစ်ရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြင်ပ EV အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ယခုနှစ်အတွင်း လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်အောင် အရှိန်အဟုန်မြှင့်တင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၅၂ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 16, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
