Financial Management and Accounting with Excel သင်တန်းဆင်းပွဲ ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 27, 2026
image_latest


နေပြည်တော် မတ် ၂၆

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Financial Management and Accounting with Excel သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက သင်တန်းတွင် ဘဏ္ဍာရေးနှင့်စာရင်းကိုင်လုပ်ငန်းများအပါအဝင် ရုံးဌာနများ၌ အသုံးပြုလျက်ရှိသော အချက်အလက်များကိုစုစည်းခြင်း၊ စီမံခန့်ခွဲခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အစီရင်ခံစာများရေးသားရာ၌ နိုင်ငံတကာတွင် အသုံးပြုမှုအများဆုံးဖြစ်သော Office Application တစ်ခုဖြစ်သည့် Excel Computer Software ၏ အဆင့်မြင့်လုပ်ဆောင်ချက်များဖြစ်ကြသည့် Formula များ၊ Function များ၊ Data Analysis Tools များဖြင့် ဘဏ္ဍာရေးနှင့် စာရင်းကိုင်အချက်အလက်များကိုအခြေခံပြီး စာတွေ့လက်တွေ့ ပူးတွဲသင်ကြားပေးခဲ့သည့်အပြင် လက်တွေ့လုပ်ငန်းများတွင် ချက်ချင်းအသုံးချနိုင်စေရန် On Job Training ပုံစံဖြင့် သင်ကြားပို့ချပေးခဲ့ကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် ဒစ်ဂျစ်တယ်နည်း ပညာနှင့် လွှမ်းခြုံလည်ပတ်လျက်ရှိရာ သိပ္ပံနှင့်နည်းပညာ တိုးတက်မြင့်မားလာသည်နှင့်အမျှ နယ်ပယ်ကဏ္ဍအသီးသီးတွင် ဒစ်ဂျစ်တယ်နည်းပညာကိုအသုံးချပြီး အခွင့်အလမ်းများ ရယူလျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ၏ အရည်အသွေးနှင့်စွမ်းဆောင်ရည်ပြည့်ဝစေရန်၊ ရုံးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုအရည်အချင်းများ တိုးတက်မြင့်မားလာစေရန်နှင့် လုပ်ငန်းပိုင်းပိုမိုကျွမ်းကျင်စွာ ဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်ပြီး ယခုကဲ့သို့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချပေးနေခြင်းဖြစ်ကြောင်း။

မျက်မှောက်ကာလတွင် ကမ္ဘာ့နိုင်ငံအများစုက ကဏ္ဍပေါင်းစုံတွင် အချက်အလက် (Data) များကို ထိရောက်စွာအသုံးချပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြလျက်ရှိရာ အဖွဲ့အစည်းများအနေဖြင့်လည်း ဆုံးဖြတ်ချက်များချမှတ်ရာတွင် အတွေ့အကြုံနှင့်ခန့်မှန်းချက်များအပေါ်သာ မူတည်ခြင်းမဟုတ်ဘဲ တိကျမှန်ကန်သည့် အချက်အလက်အခြေပြု (Data-driven) ဆုံးဖြတ်ချက်များကို ပိုမိုအသုံးပြုဆောင်ရွက်လာကြကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် တိကျမှန်ကန်သော စာရင်းအင်းအချက်အလက်များရရှိခြင်းနှင့် ထိုအချက်အလက်များကို နည်းပညာဖြင့် စနစ်တကျ ခွဲခြမ်းစိတ်ဖြာနိုင်ခြင်းသည် အလွန်အရေးကြီးကြောင်း၊ သို့ဖြစ်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် တိကျမှန်ကန်သော ကိန်းဂဏန်းအချက်အလက်များကိုအခြေခံ၍ သုတေသနလုပ်ငန်းများ၌ နည်းပညာကို လက်တွေ့အသုံးချဆောင်ရွက်ကြရန်၊ အချက်အလက်အခြေပြု စီမံခန့်ခွဲမှုများကို တိုးမြှင့်ဆောင်ရွက်သွားကြရန်နှင့် သင်တန်းမှရရှိခဲ့သော အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများကို မိမိတို့လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်များကို ပြန်လည်မျှဝေပေးပြီး တစ်ဦးနှင့်တစ်ဦး စုစည်းပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက သင်တန်းတွင် ဆုရရှိကြသူများအား ဆုများချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က သင်တန်းတွင်ပို့ချပေးခဲ့ကြသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနမှ သင်တန်းနည်းပြဆရာ ဆရာမများအား သင်တန်းဆင်း အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ယခုသင်တန်းသို့ ဘဏ္ဍာရေးနှင့်အခွန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအပါအဝင် ဝန်ကြီးဌာနအောက်ရှိ ဌာနများမှအရာထမ်း၊ အမှုထမ်း ၃၀ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ တစ်လကြာ မြင့်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၈၂ ခု

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: ၃၂

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download