Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများအား PDF အမည်ခံ အကြမ်းဖက်သမားများက ထပ်မံခြိမ်းခြောက်မှုများကြောင့် စာမေးပွဲဆက်လက်မဖြေဆိုဘဲ နေရပ်သို့ ပြန်လည်ထွက်ခွာ
Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများအား PDF အမည်ခံ အကြမ်းဖက်သမားများက ထပ်မံခြိမ်းခြောက်မှုများကြောင့် စာမေးပွဲဆက်လက်မဖြေဆိုဘဲ နေရပ်သို့ ပြန်လည်ထွက်ခွာ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 17, 2025

နေပြည်တော် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး) စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုလျက်ရှိသည့် ကုလားတဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား/ ကျောင်းသူ ၉ ဦး၏ မိဘများအား PDF အမည်ခံ အကြမ်းဖက်သမားများက ဇွန် ၁၆ ရက်နံနက်ပိုင်း မြန်မာစာဘာသာရပ် ဖြေဆိုပြီးသည့်နောက် ထပ်မံခြိမ်းခြောက်မှုများ ပြုလုပ်လာသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို ဆက်လက်ဖြေဆိုခြင်းမရှိတော့ဘဲ ၎င်းတို့၏နေရပ်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများသည် ညောင်ဦးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ရောက်ရှိတည်းခိုနေထိုင်လျက်ရှိသည့် ကုလားတဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူ ၉ ဦး၏ မိဘများအား PDF အမည်ခံ အကြမ်းဖက်သမားများက ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သဖြင့် ဇွန် ၁၄ ရက်တွင် မခင်သက်ထား၊ မဂျူးဂျူးစုလှိုင်၊ မတိုးအိဝေ၊ မယမင်းသူ၊ မမြမြသက်၊ မောင်ချမ်းမြေ့အောင်တို့ ၆ ဦး ကို မိဘများက ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ ကျောင်းသား၊ ကျောင်းသူ ၆ ဦးအပါအဝင် ကျန်ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်အာကာချမ်းမြေ့ကျော်၊ မောင်ထွန်းနိုင်လင်းနှင့်၊ မောင်တင်ဦးလှိုင်တို့ ၃ ဦးကိုပါ စာမေးပွဲကို အဆင်ပြေချောမွေ့စွာနှင့် လုံခြုံစွာဖြေဆိုနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်ပေးခဲ့သဖြင့် ဇွန် ၁၆ ရက်တွင် နံနက်ပိုင်းတွင် မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရှိရသည်။
မြန်မာစာဘာသာရပ်ဖြေဆိုအပြီးတွင် အဆိုပါ ကျောင်းသား၊ ကျောင်းသူ ၉ ဦးတို့၏ မိဘများအား PDF အမည်ခံ အကြမ်းဖက်သမားများက ထပ်မံခြိမ်းခြောက်မှုများကြောင့် တက္ကသိုလ်ဝင်စာမေးပွဲကို ဆက်လက်ဖြေဆိုနိုင်ခြင်းမရှိတော့ဘဲ ညနေပိုင်းတွင် ၎င်းတို့၏နေရပ်သို့ မိဘများနှင့်အတူ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်မှ ကျောင်းသားမိဘများအား ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစာများ - ၃၁၉၇ ခု

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။
