Information Technology Audit Workshop ကျင်းပပြုလုပ်ခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / July 30, 2025


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် Information Technology Audit အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့ထိ နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲပထမနေ့တွင် အမြဲတမ်းအတွင်းဝန်ဒေါ်ခိုင်ခိုင်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာတစ်ဝှမ်းတွင် နည်းပညာများ တိုးတက်ပြောင်းလဲလာသည့်အတွက် ဌာနအဖွဲ့အစည်းများတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) အား ကိရိယာအဖြစ် အသုံးပြု၍ မိမိတို့၏ ဝန်ဆောင်မှုများကို စွမ်းဆောင်ရည်ရှိပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့်စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်စေရေးအတွက် National Level Plan ဖြစ်သည့် Myanmar e-Governance Master Plan ပါ Roadmap များအတိုင်း ဌာန၊ အဖွဲ့အစည်းများအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် e-Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ နည်းပညာတိုး တက်လာသည်နှင့်အမျှ သတင်းအချက်အလက်နည်းပညာစနစ်များ အသုံးပြုမှုသည် စစ်ဆေး ရေးအပေါ် သက်ရောက်မှုရှိလာသောကြောင့် အစိုးရဌာန၊ အဖွဲ့အစည်းများက အသုံးပြုလျက် ရှိသည့် IT Process နှင့် IT Resources များ၊ Application System များသည် အဖွဲ့အစည်း၏ ရည်ရွယ်ချက်များ ပြီးမြောက်အောင်မြင်စေရေးနှင့် စွမ်းဆောင်ရည်ပြည့်ဝစေရေးတို့အတွက် အထောက်အကူပြုနိုင်ခြင်းရှိ/မရှိ၊ ငွေကြေးလုပ်ဆောင်ချက်များအတွက် အသုံးပြုသည့်စနစ်မှ ယုံကြည်အားထားရပြီး ပြည့်စုံမှန်ကန်သော အချက်အလက်များ ထုတ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိနိုင်ရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေး ဆောင်ရွက်ရန် လိုအပ်လာပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ အနေ ဖြင့် ယခု Workshop မှ ရရှိခဲ့သော အသိပညာ၊ ဗဟုသုတများကို အခြေခံကာ IT Audit လုပ်ငန်းများကို စတင်အကောင်အထည်ဖော်နိုင်ရန်အတွက် အခြေခံအုတ်မြစ်တစ်ခုအဖြစ် အသုံးချနိုင်မှာဖြစ်ပါကြောင်း၊ သတင်းအချက်အလက်နည်းပညာစစ်ဆေးရေးသည် တစ်ဦး တစ်ယောက်၏ တစ်ကိုယ်ရည်ကျွမ်းကျင်မှုသာမက အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ အဖွဲ့ဝင်များအနေနှင့် တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိစွာ စည်းလုံး ညီညွတ်စွာဖြင့် အပြန်အလှန်ကူညီပံ့ပိုးကြရန် လိုအပ်သည့်အခါတွင် ရုံးချုပ်နှင့်ဒေသရုံးများ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါ်ခင်ခင်သီမှ Information Technology Audit ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေနှင့် လက်ရှိ IT Audit ဆောင်ရွက် နေမှုအခြေအနေအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် e-Government ဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၏ e-Government လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ၊ IT Audit နှင့်စစ်ဆေးရေးလုပ်ငန်း ကြိုတင်ပြင်ဆင်ခြင်းတွင် စစ်ဆေးမည့် IT Resources၊ System အကြောင်း နားလည်စေရန် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များနှင့် စစ်ဆေးရေးနယ်ပယ် သတ်မှတ်ခြင်း၊ Audite Engagement Letter ပေးပို့ခြင်းနှင့် Audit Programme ရေးဆွဲခြင်း၊ IT Audit အစီရင်ခံစာပြုစုရာတွင် ပါဝင်ရမည့်ခေါင်းစဉ်များ ၊ ထည့်သွင်းစဉ်းစားရမည့် အကြောင်းအရာများ၊ အကန့်အသတ်ရှိမှုများနှင့် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေအား စိစစ်မှုနည်းလမ်းတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ e-Government ဌာနခွဲ၊ ဒုတိယညွှန်ကြားရေး မှူးမှ အထွေထွေကြီးကြပ်ကွပ်ကဲမှုများ (General Controls) စစ်ဆေးခြင်း၊ စနစ်နှင့်စပ်လျဉ်း ၍ အသုံးချဆော့ဖ်ဝဲဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှုများ (Application Controls) ကိုစစ်ဆေးခြင်း နှင့်ရငွေများကို စစ်ဆေးခြင်း (Data Analytics) တို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ စစ်ဆေးရေး ဌာနခွဲ-၆၊ လက်ထောက်ညွှန်ကြားရေးမှူးမှ အသုံးစရိတ်များကို စစ်ဆေးခြင်း(Data Analytics) တို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ ဆွေးနွေးခဲ့ကြပြီး Workshop တက်ရောက်သူများမှ Advanced Metering Infrastructure (AMI) နှင့် Automatic Billing System အတွက် ကနဦး လေ့လာရန် အချက်အလက်များ တောင်းခံခြင်းအဆင့်မှ Audit Methods/Procedures များ ရေးဆွဲခြင်းအဆင့်အထိ Breakout Room/Group များဖြင့် ဆွေးနွေးခြင်း၊ ဆွေးနွေးမှုရလဒ် များကို တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများမှ Online ဖြင့် တက်ရောက်လာသူများ မှ Presentation ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် အမြဲတမ်းအတွင်းဝန် မှ နိဂုံးချုပ်အမှာစကားပြောကြား၍ ဆွေးနွေးပွဲ ဒုတိယနေ့ကို ရုပ်သိမ်းခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များမှ နဝရတ်ခန်းမ၌လည်းကောင်း တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ဝန်ထမ်း များမှ Onlineဖြင့်လည်းကောင်း တက်ရောက်ကြသည်။ အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ (၃၆) ဦး၊ တိုင်းဒေသကြီး / ပြည်နယ်စာရင်းစစ်ချုပ်ရုံးများမှ (၇၀) ဦး၊ စုစုပေါင်း (၁၀၆) ဦး တက်ရောက်ခဲ့ကြသည်။

သတင်းစာများ - ၃၂၄၀ ခု

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 27, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 23, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download