ISTAF SEPAKTAKRAW WORLD CUP 2025 ပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရရှိခဲ့သည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 09, 2026
image_latest


နေပြည်တော် မတ် ၈

၂၀၂၅ ခုနှစ် မတ် ၂၀ ရက်မှ ၂၅ ရက်အထိ အိန္ဒိယနိုင်ငံ၌ကျင်းပခဲ့သည့် ISTAF SEPAKTAKRAW WORLD CUP 2025 ပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရရှိခဲ့သည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် အိန္ဒိယနိုင်ငံ၌ကျင်းပခဲ့သည့် ISTAF SEPAKTAKRAW WORLD CUP 2025 ပြိုင်ပွဲတွင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ တရုတ်၊ တရုတ် (တိုင်ပေ)၊ အီတလီနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့သည့်အနက် မြန်မာအသင်းအနေဖြင့် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အမျိုးသား+ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခုစီနှင့် အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု စုစုပေါင်း ဆုတံဆိပ်လေးခုရရှိခဲ့ပြီး နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ယခုလိုအောင်မြင်မှုဆုတံဆိပ်များ ဆွတ်ခူးရယူပေးနိုင်ခြင်းသည် နိုင်ငံတော်နှင့်လူမျိုး၏ ဂုဏ်သိက္ခာအဆင့်အတန်းကို မြှင့်တင်ပေးခြင်းသာမက နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားခြင်းကို ဖော်ဆောင်နိုင်ခြင်းဖြစ်သည့်အတွက် ယခုလိုဂုဏ်ပြု ချီးမြှင့်ပေးရခြင်းဖြစ်ကြောင်း။

မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်အနေဖြင့် စတင်တည်ထောင်ဖွဲ့စည်းခဲ့သည့် ၁၉၉၁ ခုနှစ်မှစတင်၍ ယနေ့ထိ ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ် ၂ဝ ကျော်၊ ကြေးတံဆိပ် ၃ဝ ကျော်၊ အာရှအဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ခြောက်ခု၊ ငွေတံဆိပ် ၁ဝ ခု၊ ကြေးတံဆိပ် ၁ဝ ခုနှင့် အရှေ့တောင်အာရှအဆင့် အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၁၈ ခု၊ ငွေတံဆိပ် ၂ဝ၊ ကြေးတံဆိပ်၃ဝ ကျော်ထိဆွတ်ခူးရရှိထားပြီး နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ယနေ့ထိ ရွှေတံဆိပ် ၂၈ ခု၊ ငွေတံဆိပ် ၅ဝ ကျော်၊ ကြေးတံဆိပ် ၆ဝ ကျော်ထိ ဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိအောင် စီမံဆောင်ရွက်ပေးနိုင်ခဲ့သည့် မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ပိုက်ကျော်ခြင်းအားကစားအဖွဲ့မှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးမင်းမင်းထိုက်က အိန္ဒိယနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် ISTAF SEPAKTAKRAW WORLD CUP 2025 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ခဲ့မှုအခြေအနေများ၊ ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နှစ်ယောက်တွဲအမျိုးသမီးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် ယမုံဇင်၊ ခင်နှင်းဝေနှင့် ဖြူဖြူသန်းတို့အတွဲကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း၊လေးယောက်တွဲ အမျိုးသား+အမျိုး သမီးပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် ခင်နှင်းဝေ၊ ဖြူဖြူသန်း၊ ဖူးဖူး၊ ဇော်မင်းခန့်၊ ရှိန်းဝဏ္ဏဇော်နှင့် ဇင်ကိုကိုတို့အတွဲကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးထိန်လင်းကလည်းကောင်း၊ နှစ်ယောက်တွဲအမျိုးသားပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် ဇော်မင်းခန့်၊ ရှိန်းဝဏ္ဏဇော်နှင့် အောင်မျိုးကျော်တို့အတွဲကို ဒုတိယဝန်ကြီး ဦးဇင်မင်းထက်ကလည်းကောင်း၊ လေးယောက်တွဲအမျိုးသားပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိခဲ့သည့် ဇော်မင်းခန့်၊ ရှိန်းဝဏ္ဏဇော်၊ အောင်မျိုးကျော်၊ ဇင်ကိုကို၊ သန့်ဇင်ထွန်းနှင့် သက်ပိုင်စိုးတို့အတွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူကလည်းကောင်း၊ ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် အုပ်ချုပ်မှုအဖွဲ့နှင့် နည်းပြအဖွဲ့တို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ် ဇော်ဦးနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်တို့ကလည်းကောင်း ဂုဏ်ပြုဆုကြေးငွေများကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဆုရအားကစားသမားများကိုယ်စား ရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ်တစ်ခုဆွတ်ခူးရယူပေးခဲ့သည့် အားကစားသမား ခင်နှင်းဝေက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းသည်။ ယနေ့ကျင်းပသည့် ISTAF SEPAKTAKRAW WORLD CUP 2025 ပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရရှိခဲ့သည့် ပိုက်ကျော် ခြင်း အားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတွင် စုစုပေါင်းငွေကျပ် သိန်း ၁၄၄၀ ကို ဂုဏ်ပြု ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၆၄ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download