Microsoft Word and Computer Knowledge (Online) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / March 16, 2026


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လေ့ကျင့်ရေးဌာနခွဲ(နည်းပညာ)မှ ကြီးမှူးဖွင့်လှစ်သည့် Microsoft Word and Computer Knowledge (Online) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၊ ပုလဲခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်က ပြောင်းလဲ လာသော ခေတ်စနစ်နှင့်အညီ နည်းပညာအသုံးပြု၍ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်၊ လုပ်ငန်းခွင်တွင် အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ပြန်လည်၍ အသိပညာများ ဖလှယ်နိုင်စေရန် နည်းပညာဆိုင်ရာ သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ဒေသစာရင်းစစ်ရုံးအသီးသီးမှ ဝန်ထမ်းများတက်ရောက်နိုင်စေရန် Online ဖြင့် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ယနေ့ခေတ် တွင် အစိုးရအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက် နိုင်ရန် သတင်းအချက်အလက်နည်းပညာကို အသုံးချနိုင်စွမ်းသည် အလွန်အရေးကြီးသည့် အတွက် ယခုသင်တန်းတွင် ရုံးသုံးစာများရိုက်ခြင်း၊ အစီရင်ခံစာများ၊ စာတမ်းများပြုစုခြင်း၊ စာအုပ်များထုတ်ဝေခြင်းနှင့် Microsoftware နှင့်သက်ဆိုင်သည့် Software များကို ဆက်လက် လေ့လာနိုင်ရန် အခြေခံကျွမ်းကျင်မှုများကို သင်ကြားပို့ချသွားမည်ဖြစ်သဖြင့် သင်တန်းသား များအနေဖြင့် ရရှိလာမည့်အသိပညာနှင့်ကျွမ်းကျင်မှုများကို လက်တွေ့တွင် ပြန်လည်အသုံးချ နိုင်မည်ဟုယုံကြည်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် လိုက်နာရမည့်ကျင့်ဝတ်သိက္ခာများကို လိုက်နာကြရန်၊ ရှောင်ကြဉ်သင့် သည့် အပြုအမူများကိုလည်း ရှောင်ကြဉ်ကြရန်၊ အထူးအရေးကြီးကြောင်းနှင့် သင်တန်းမှပို့ချ သည့် သင်ခန်းစာများကို သေသေချာချာနားလည်ပြီး ကျွမ်းကျင်တတ်မြောက်သည်အထိ ကြိုးစားပြီး လေ့လာသင်ယူရန် တိုက်တွန်းပြောကြားသည်။

အဆိုပါသင်တန်းကို တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ၊ ဒေသစာရင်းစစ်ရုံး များနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ သင်တန်းသား (၃၅) ဦး တက်ရောက်မည်ဖြစ်ပြီး ၁၁-၃-၂၀၂၆ ရက်နေ့မှ ၂၄-၃-၂၀၂၆ ရက်နေ့ထိ ( ၁၀ ) ရက်ကြာ Onlineဖြင့် ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နည်းပညာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ သင်တန်းကထိကများ က ပုလဲခန်းမတွင်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ဒေသစာရင်းစစ် ရုံးတို့မှ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများက Online ဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြသည်။

သတင်းစာများ - ၃၄၇၁ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download