Naypyitaw State Polytechnic University ၌ EV အသိပညာပေးဆွေးနွေးပွဲ (၁/၂၀၂၆) ကျင်းပ
Naypyitaw State Polytechnic University ၌ EV အသိပညာပေးဆွေးနွေးပွဲ (၁/၂၀၂၆) ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 05, 2026
နေပြည်တော် ဖေဖော်ဝါရီ ၄
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်များအတိုင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ် (Electric Vehicle-EV) ကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆက်စပ်ဌာနများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းတွင် Naypyitaw State Polytechnic University ၌ ကျင်းပသည့် လျှပ်စစ်သုံးယာဉ် နည်းပညာဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (၁/၂၀၂၆) သို့ လုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများ၊ ကျောင်းသားများနှင့်အတူ တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီးက “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဟူသော အမျိုးသားရေးဆောင်ပုဒ်နှင့်အညီ မီးခိုးငွေ့များ ထုတ်လွှတ်သည့် ယာဉ်များသုံးစွဲမှုအစား EV သုံးစွဲမှုမှတစ်ဆင့် ရုပ်ကြွင်းလောင်စာအပေါ် မှီခိုရမှုနှင့် စက်သုံးဆီအတွက် နိုင်ငံခြားငွေကုန်ကျစရိတ်များကို လျှော့ချနိုင်ရေး၊ လေထုနှင့် အသံညစ်ညမ်းမှုများ လျှော့ချနိုင်ကာ သန့်ရှင်းသော လေထုကို ရှူရှိုက်မှုမှရရှိသည့် ကျန်းမာရေးကောင်းမွန်မှုအပါအဝင် အခြားဆုလာဘ်များကို ပြည်သူတို့ ရရှိခံစားနိုင်စေရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက EV ကဏ္ဍဖွံ့ဖြိုးရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ လမ်းပြမြေပုံနှင့် မူဝါဒချမှတ်ကာ လုပ်ငန်းကော်မတီငါးခုတို့က ညွှန်ကြားချက်များအတိုင်း တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ကြိုးပမ်းဆောင်ရွက်
ယနေ့ အသိပညာပေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသားလူငယ်များသည် အနာဂတ်နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်မည့်သူများဖြစ်၍ ကမ္ဘာနှင့် ရင်ပေါင်တန်းကာ နိုင်ငံတော်တွင် Smart Transportation System များ၊ Smart City များ ပေါ်ထွန်းလာစေရေးနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးခိုင်မာရေးတို့အတွက် EV ကဏ္ဍဖွံ့ဖြိုးရေးတစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ရန် မိမိတို့ကိုယ်စီလေ့လာသိရှိသည့် အသိပညာများကိုအခြေခံ၍ ဆက်လက်ကြိုးပမ်းလေ့လာသွားရန်၊ EV နည်းပညာဆိုင်ရာ အသိပညာများကို ပြည်သူတို့အကြား စိမ့်ဝင်ပျံ့နှံ့သွားရန် ဆက်လက်ဖြန့်ဝေပေးကြရန်၊ EV ကားတွင် AI ဖြင့် အလိုအလျောက် ထိန်းချုပ်စနစ်များ တပ်ဆင်အသုံးပြုလာကြပြီး အားသွင်းစနစ်များနှင့် ပြုပြင်ထိန်းသိမ်းရေးကိရိယာများတွင်ပါ AI ကို အသုံးပြုလာကြပြီဖြစ်ရာ အပြိုင်အဆိုင်နှင့် မြန်ဆန်စွာ ဖွံ့ဖြိုးလျက်ရှိသော EV နည်းပညာ အရွေ့များအတိုင်း အမီလိုက်ပါနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာသူများသည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနက အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) နှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) တို့တွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော EV သင်တန်းဆိုင်ရာ မှတ်တမ်းဗီဒီယိုကို ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေး
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ပြင်ဦးလွင်မော်တော်ယာဉ်သုတေသနဌာနက ဆောင်ရွက်လျက်ရှိသော ဆိုလာ EV အားသွင်းစနစ်သုတေသနနှင့် EV Battery Management System သုတေသန၊ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ) က ဆောင်ရွက်လျက်ရှိသော Battery သုတေသနနှင့် လျှပ်စစ်စွန့်ပစ်ပစ္စည်းများမှ အဖိုးတန်အသုံးဝင်သော သတ္တုများ စမ်းသပ်ထုတ်လုပ်ခြင်း သုတေသန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနက ခင်းကျင်းပြသထားသော EV Workshop ဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေးကိရိယာများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက Battery Recycling နည်းပညာ၏ အရေးပါမှုနှင့် နိုင်ငံ၏စက်မှုကဏ္ဍတွင် အသုံးချနိုင်မှုအခွင့်အလမ်းများ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လျှပ်စစ်သုံးယာဉ်ဆိုင်ရာ မြန်မာစံချိန်စံညွှန်းသတ်မှတ်မှုများ၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက လျှပ်စစ်သုံးယာဉ်ဆိုင်ရာ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောကြရာ ကျောင်းသားများက သိရှိလိုသည်များကို မေးမြန်းကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌက ဖြည့်စွက်မှာကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စက်မှုဝန်ကြီးဌာနမှ အထွေထွေမန်နေဂျာတို့က ဟောပြောသူများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၃၂ ခု
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
