NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ကျင်းပတဲ့အချိန်အခါဟာ မြန်မာနိုင်ငံအတွက်အရေးပါတဲ့နေ့တစ်နေ့ဖြစ်ပါတယ်၊၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကူးအပြောင်းကာလအတွက် ဒီအချိန်က အင်မတန် အရေးကြီးပါတယ် - HE. Mr. Shri Abhay Thakur မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 17, 2025


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ၁၀နှစ်တာကာလအတွင်း အကောင်အထည်ဖော်နိုင်မှုများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများကိုဆန်းစစ်သုံးသပ်ရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှရရှိခဲ့သည့် အတွေ့အကြုံများနှင့်အမြင်များကို မျှဝေနိုင်ရန်အတွက် အဓိကသက်ဆိုင်ရာအဖွဲ့အစည်းများ၊ Stakeholders များအကြား ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါဝင်သည့် ကျယ်ပြန့်သောတွေ့ဆုံဆွေးနွေးမှုများကိုမြှင့်တင်ရန်၊ NCA ၏ပကတိအနှစ်သာရနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို   ပြည်သူလူထုသဘောပေါက်သိရှိနားလည်ပြီး ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်မည့် အခန်းကဏ္ဍများကိုဖော်ထုတ်ရန်၊  အနာဂတ်မြန်မာနိုင်ငံတော်ကို တည်ဆောက်ခြင်း လုပ်ငန်းစဉ်တွင် ငြိမ်းချမ်းရေး၊  နိုင်ငံရေး၊ လုံခြုံရေး၊  ဖွံ့ဖြိုးတိုးတက်ရေးနှင့်ရွေးကောက်ပွဲတို့ကို ပေါင်းစပ်ဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ဒေသန္တရအဆင့်၊ နိုင်ငံတကာအဆင့် ဖွံ့ဖြိုးတိုးတက်‌ရေးစီမံကိန်းများနှင့် ပေါင်းစပ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်တို့ဖြင့် NCA(၁၀)နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)၌ အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပလျက်ရှိရာ တက်ရောက်လာသည့် ငြိမ်းချမ်းရေးလိုလားသူတို့၏ သဘောထား၊ အမြင်များကို စုစည်းဖော်ပြလိုက်ရပါသည်၊၊

ဒေါက်တာ ဇော်ဦး

စီးပွားရေးပညာရှင်

ဒီနှစ်ဆွေးနွေးပွဲမှာ နိုင်ငံတကာပညာ ရှင်တွေ လာရောက်ဆွေးနွေးတဲ့ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုပါဝင်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရင်တုန်းကဆွေးနွေးခဲ့ခြင်းမရှိတဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကို  ထည့်သွင်းဆွေးနွေးသွားကြမှာဖြစ်ပါတယ်၊၊ အဓိကက နိုင်ငံတကာမှာ ပိုပြီးရှေ့တန်းကိုရောက်ရှိလာတဲ့ ပထဝီ စီးပွားရေးအကြောင်းအရာတွေဖြစ်ပါတယ်၊၊ အရင်က ပထဝီနိုင်ငံရေးကြောင့် ပဋိပက္ခတွေဖြစ်ကြတယ်၊၊ အခုကာလမှာတော့ ပထဝီစီးပွားရေးကိုဖော်ဆောင်ရင်းပဋိပက္ခတွေကို ကျော်လွန်ပြီးတော့ ငြိမ်းချမ်းရေးရရှိလာကြတဲ့သာဓကတွေလည်း ရှိလာပါတယ်၊၊ ပြည်တွင်းပဋိပက္ခတွေရှိတဲ့ နိုင်ငံတော်တော်များများမှာ ပထဝီစီးပွားရေးအခွင့်အလမ်းတွေ ပေါ်လာတာကြောင့်   ငြိမ်းချမ်းရေးရရှိလာကြတယ်၊၊ NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးရရှိဖို့ ပထဝီစီးပွားရေးအခွင့်အလမ်းတွေ ဘာတွေရှိနေသလဲ၊ ဒီအခွင့်အလမ်းတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ဘယ်လိုဆောင်ရွက်မလဲဆိုတာ ဆွေးနွေးကြမယ်။

ဆွေးနွေးပွဲ ဒုတိယနေ့နဲ့တတိယနေ့မှာက ပထမနေ့ဆွေးနွေးထားတဲ့ နိုင်ငံတကာက တင်ပြချက်တွေ၊ အကြံပြုချက်တွေကိုအခြေခံပြီး တက်ရောက်လာတဲ့ငြိမ်းချမ်းရေးမှာပါဝင်ခဲ့သူတွေရဲ့ သုံးသပ်မှု တွေနဲ့ပေါင်းစပ်ပြီးရှေ့ကိုဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဖော်ထုတ်သွားဖို့လည်းရှိပါတယ်၊၊

ဆွေးနွေးမှုတွေကနေအနာဂတ်အတွက် ပေါ်ထွက်လာမယ့် အကြံပြုချက်တွေကိုဖော်ထုတ်ပြီး ပေါ်ပေါက်လာမယ့် အစိုးရအသစ်ဆက်လက်ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။ အနာဂတ်ကာလမှာ လက်တွေ့ဆောင်ရွက်လို့ရမယ့်အရာတွေကို အကြံပြုနိုင်တဲ့အထိ အခုဆွေးနွေးပွဲကနေ ဖော်ထုတ်သွားမှာဖြစ်ပါတယ်၊၊

H.E. Mr. Shri Abhay Thakur

မြန်မာနိုင်ငံဆိုင်ရာ

အိန္ဒိယနိုင်ငံသံအမတ်ကြီး

 NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ကျင်းပတဲ့ အချိန်အခါဟာ မြန်မာနိုင်ငံအတွက်အရေးပါတဲ့  နေ့တစ်နေ့ဖြစ်ပါတယ်၊၊    မြန်မာနိုင်ငံရဲ့နိုင်ငံရေးအကူးအပြောင်းကာလအတွက် ဒီအချိန်ကအင်မတန် အရေးကြီးပါတယ်၊၊ ဒီလိုအခမ်းအနားမှာ ပါဝင်တက်ရောက်ခွင့်ရတဲ့အတွက် ကျွန်တော့်အနေနဲ့  အင်မတန်ဝမ်းသာပါတယ်၊၊ သမိုင်းတွင်မယ့် ဖြစ်စဉ်တစ်ခုလို့လည်း ယုံကြည်ပါတယ်။ NCA ကို ငြိမ်းချမ်းစွာ   အပြည့်အဝအကောင်အထည်ဖော်ဖို့ဆိုရင် နိုင်ငံအတွင်းက ပါတီအဖွဲ့အစည်းတွေအပေါ်မှာ မူတည်တယ်လို့ထင်မြင်မိပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စောင့်ကြည့်အကူအညီပေးသွားမှာဖြစ်ပါတယ်၊၊ အလုပ်ရုံဆွေးနွေးပွဲမှာမြန်မာနိုင်ငံနဲ့အတူ ကျွန်တော်တို့အတူတကွ လာရောက်ပြီးတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက်အဖြေရှာကြတာ ဖြစ်ပါတယ်၊၊

ဒေါက်တာ ခင်မောင်ဦး

ဥက္ကဋ္ဌ၊ ညီညွတ်ရေးနှင့်

ဖွံ့ဖြိုးတိုးတက်ရေးပါတီ

ဒီ‌နေ့ ဒုတိယနေ့ဆွေးနွေးပွဲမှာ နိုင်ငံတကာပညာရှင်တွေ၊ သံအမတ်ကြီးတွေ၊ အိန္ဒိယနိုင်ငံက ပညာရှင်တွေ၊ မလေးရှားနိုင်ငံကပညာရှင်တွေ တက်ရောက်လာကြတယ်။ ပြီးတော့ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး NCA အကောင်အထည်ဖော်မှုကို နောင်လာမယ့် ထွက်ပေါ်လာမယ့်အစိုးရလက်ထက်မှာ ဆက်လက်ဆောင်ရွက်ရမယ့်ဟာတွေကို   Roadmap   ပုံစံမျိုး ဒီနေ့ဆွေးနွေးပွဲမှာ ဆွေးနွေးသွားကြပါ တယ်၊၊ နောင်ထွက်ပေါ်လာမယ့် အစိုးရ လက်ထက်မှာ ငြိမ်းချမ်းသာယာပြီးအားလုံးပြည့်ပြည့်စုံစုံနဲ့ ဖွံ့ဖြိုးတိုးတက်မယ့်လမ်း ကြောင်းတစ်ခုအပေါ် တွန်းတင်ပေးလိုက်တဲ့ ဆွေးနွေးပွဲတစ်ခုလို့ မြင်မိပါတယ်၊၊

အများကြီးအထောက်အကူပြုနိုင်မှာပါ၊၊ ငြိမ်းချမ်းမှုမရှိရင် ပြည်သူတွေ ဘယ်လိုဒုက္ခတွေခံစားရတယ်၊ ဘယ်လို အခက်အခဲတွေရင်ဆိုင်ရတယ်၊ ဘယ်လိုတွေ ဖြတ်သန်းနေရတယ်ဆိုတာတွေကို ပြည်သူတွေအသိဆုံးပဲ ဖြစ်ပါတယ်၊၊ နိုင်ငံတော်အကြီးအကဲက မနေ့ကအခမ်းအနားမှာ သူ့ရင်ထဲကလာတဲ့ ပြည်သူတွေအတွက် စိတ်စေတနာကို ပြောကြားထားပါတယ်၊၊  ပြည်သူတွေအတွက် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်ချင်တယ်၊ ငြိမ်းချမ်းချင်တယ်၊ နိုင်ငံတကာမှာ မျက်နှာပန်းလှချင်လို့ နိုင်ငံတော်အကြီးအကဲအနေနဲ့ ကြိုးစား ဆောင်ရွက်ပေးနေပါတယ်၊၊   ဒါကြောင့် ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ တစ်ဖက်တစ်လမ်းကနေပါဝင်ဖို့ ကြိုးစားနေပါတယ်၊၊

ဦးညိုအုန်းမြင့်

အကြံပေး၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့

နိုင်ငံရေးအခင်းအကျင်း၊ ဒေသန္တရနိုင်ငံရေးအခင်းအကျင်း၊ ပထဝီနိုင်ငံရေးအခင်းအကျင်း ပြောင်းလဲလာတဲ့အတွက်မျှော်လင့်ချက်တစ်ခုရှိလာပါတယ်။ ပဋိပက္ခရဲ့ပြဿနာက နိုင်ငံရေးရဲ့ပြဿနာပါပဲ၊၊ ဒီလိုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ များများပြုလုပ်လေလေ၊ ပါဝင်ပတ်သက်သူဦးရေတွေ တိုးလာလေလေဖြစ်ပါတယ်၊၊ နိုင်ငံတော်အကြီးအကဲကလည်း ငြိမ်းချမ်းရေးကိုအလေးထားကြောင်း  ခဏခဏ ပြောကြားပါတယ်၊၊ နိုင်ငံတော်အကြီးအကဲရဲ့ စဉ်းစားချက်တွေက နိုင်ငံရေးရော၊ ငြိမ်းချမ်းရေးရောအပြိုင်သွားဖို့ ကြိုးစားတယ်လို့ ထင်မြင်မိပါတယ်၊၊ ဒါကြောင့်လက်နက်ကိုင်အင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ၊ နိုင်ငံရေးအရ မတူညီတဲ့အရာတွေကို စားပွဲဝိုင်းပေါ်မှာ ဖြေရှင်းလို့ရနိုင်တဲ့အနေအထားနဲ့နိုင်ငံရေး ပြောင်းလဲမှုလုပ်ဖို့ လိုမယ်လို့ထင်ပါတယ်၊၊

ဦးညီရန်း

ဆက်ဆံရေးတာဝန်ခံ၊ "ဝ" ပြည်

သွေးစည်းညီညွတ်ရေးပါတီ(UWSP)

ကျွန်တော်  NCA (၁၀)နှစ်ပြည့်နှစ်ပတ် လည်နေ့အခမ်းအနားကိုတက်ရောက်ရခြင်းက ငြိမ်းချမ်းရေးကို တန်ဖိုးထားတဲ့အနေနဲ့ တက်ရောက်လာခြင်းဖြစ်ပါတယ်၊၊ ကျွန်တော်တို့"ဝ"အဖွဲ့အနေနဲ့ ငြိမ်းချမ်း ရေးရယူထားတာ နှစ်ပေါင်း ၄၀ နီးနီးလောက်ရှိပြီဖြစ်ပါတယ်၊၊ ဒီနေ့အခမ်းအနားကြီးကနေ ငြိမ်းချမ်းရေးအတွက်အကောင်းဆုံးမျှော်လင့်ပါတယ်၊၊ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ၊ လုပ်ဆောင်ချက်တွေကို  အားပေးတဲ့အတွက် ဒီအခမ်းအနားကို ပါဝင်တက်ရောက်လာခြင်းဖြစ်ပါတယ်၊၊

ဦးခေါတိန့်

အတွင်းရေးမှူး၊

ဒီမိုကရေစီပါတီသစ်(ကချင်)

(၁၀) နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားကိုကဏ္ဍစုံ၊ နယ်ပယ်စုံကပုဂ္ဂိုလ်တွေ စုံစုံလင်လင်တက်ရောက်ကြတဲ့ အတွက် ဒီနေ့အခမ်းအနားက ထူးခြားပါတယ်။ နိုင်ငံငြိမ်းချမ်းပြီးသာယာဝပြောဖို့၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရှေးရှုပြီး ရွေးကောက်ပွဲကျင်းပသွားမယ်လို့ပြောကြားသွားတဲ့အတွက် ကျွန်‌တော်တို့ပြည်သူလူထုအားလုံးအားတက်ရပါတယ်။ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းဖို့က ရွေးကောက်ပွဲအကြိုမှာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပနိုင်ဖို့က အ‌ရေးကြီးပါတယ်။   ရွေးကောက်ပွဲ  အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့ ကြိုးစားရမယ်။ နှစ်ကာလကြာမြင့်စွာတည်ရှိနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့၊ ငြိမ်းချမ်းဖို့က ပြည်သူတွေအားလုံးလိုလားတောင့်တနေတာပါ။ အမြန်ဆုံးငြိမ်းချမ်းချင်ကြတယ်။ အမြန်ဆုံး တိုင်းပြည်သာယာဝပြောစေချင် တယ်။ ဒါကြောင့် ရွေးကောက်ပွဲအလွန် ကာလမှာ ပေါ်ပေါက်လာမယ့် အစိုးရနဲ့ လွှတ်တော်အတွက်အကောင်းဆုံးအထောက်အကူပြုနိုင်အောင် အခုလိုနိုင်ငံ‌ရေးနည်းနဲ့ ဆွေးနွေးအဖြေရှာကြတာ ဖြစ်ပါတယ်။

ဦးစောသန်းမြင့်

တွဲဖက်အထွေထွေအတွင်းရေးမှူး၊

ရှမ်းနှင့် တိုင်းရင်းသားများ

ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)

ကျွန်တော်တို့ တိုင်းရင်းသားအားလုံးအတွက် ငြိမ်းချမ်းရေးက အဓိကအလိုအပ်ဆုံးအရာပဲဖြစ်ပါတယ်၊၊   တိုင်းရင်းသား လူမျိုး  ၁၃၅  မျိုးနဲ့ နိုင်ငံသားအားလုံးကို ဆိုလိုခြင်းဖြစ်ပြီး အားလုံးက ငြိမ်းချမ်းချင်ကြပါတယ်၊၊ ကျွန်တော်တို့ပါတီတွေက ပိုပြီးငြိမ်းချမ်းချင်ပါတယ်၊၊ ကျွန်တော်တို့ပါတီတွေက ပြည်သူလူထုကိုတစ်ဆင့် တာဝန်ခံပေးရတဲ့အဖွဲ့အစည်းတွေဖြစ်တဲ့အတွက် နိုင်ငံငြိမ်းချမ်းမှဖြစ်မယ်၊၊ ဒါကြောင့် ဒီနေ့အခမ်းအနားကို တက်ရောက်လာခြင်းက ငြိမ်းချမ်းရေးကိုအထူးလိုလားတဲ့အတွက် တက်ရောက်လာခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ပိုမိုကောင်းမွန်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ်တွေ အများကြီးထွက်ရှိလာမယ်လို့ ယုံကြည်မိတဲ့အတွက်ကြောင့် ဒီနေ့အခမ်းအနားကို တက်ရောက်လာခြင်းဖြစ်ပါတယ်၊၊ အခုဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးကို ဘယ်လိုရှုထောင့်ကနေကူညီထောက်ပံ့အကြံပြုရမလဲဆိုတာကို အဓိကထားပြီး တက်ရောက်လာခြင်းဖြစ်ပါတယ်၊၊

သတင်းအဖွဲ့

သတင်းစာများ - ၃၃၂၀ ခု

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download