ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ကျွန်းပင်သာရပ်ကွက်၌ နေအိမ်မီးလောင်မှု

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ကျွန်းပင်သာရပ်ကွက်၌ နေအိမ်မီးလောင်မှု


ပြည်ထဲရေးဝန်ကြီးဌာန/ Naypyitaw / November 17, 2025


   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက် နံနက် နာရီ ၄၀ မိနစ်ခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ကျွန်းပင်သာရပ်ကွက်၌ ပိုင်ရှင် ဦးကိုအောင် အလျား ၃၀ ပေ၊ အနံ ၃၀ ပေ၊ အုပ်ညှပ်၊ သွပ်မိုး၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် ပေါ်ထပ် အိပ်ခန်းအတွင်းရှိ ဆိုလာမီးပလတ်ခုံ အပူလွန်ကဲရာမှ အနီးရှိ အထပ်သားနံရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကချင် ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၊ မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ခြောက်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

   အဆိုပါမီးလောင်မှုကြောင့် အလျား ၃၀ ပေ၊ အနံ ၃၀ ပေ၊ အုပ်ညှပ်၊ သွပ်မိုး၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ကိုအောင် အား မြစ်ကြီးနားနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,