ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ဘောလခဲ) ၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တက်ရောက်

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ဘောလခဲ) ၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တက်ရောက်


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 27, 2026


     ၂၀၂၆ ခုနှစ်၊ မေ ၂၆ ရက် နံနက် ၁၀ နာရီတွင် ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ဘောလခဲ) ၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ တက်ရောက်ခဲ့ပြီး နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများအား ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။