ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အခြေခံပညာအထက်တန်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အခြေခံပညာအထက်တန်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား ကြည့်ရှုစစ်ဆေး

ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 30, 2026

     ၂၀၂၆ ခုနှစ်၊ မေ ၂၉ ရက် နံနက် ၁၀ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ အခြေခံပညာအထက်တန်းကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှု စစ်ဆေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။