ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကျင်းပ


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / August 04, 2020


ဘားအံ - ဇူလိုင် (၃၀)

 ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ဇူလိုင်လ (၃၀) ရက်နေ့ မွန်းလွှဲ (၁) နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 ရှေ့ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော သတင်းမီဒီယာများက မြေယာတိုင်ကြားစာကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ပေးနေမှုအခြေအနေ၊ ငြိမ်းချမ်းရေးဖော်ဆောင်နေသည့်ကာလ ဒေသခံတိုင်းရင်းသားပြည်သူတို့၏ဘ၀ အေးချမ်းလုံခြုံရေး ဆောင်ရွက်ပေးမှု၊ အိန္ဒု-ကော့ကရိတ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ပြီးစီးနိုင်မည့်ကာလ၊ အစိုးရသက်တမ်းအတွင်း ရင်ဆိုင်ကြုံတွေ့ရသည့်စိန်ခေါ်မှုများ၊ ကိုဗစ် ၁၉ ရောဂါကာလ ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ်(၂)တံတားမှ ပြန်လည်ဝင်ရောက်လာသည့် ပြည်တော်ပြန်များအား စိစစ်ထားရှိဆောင်ရွက်ပေးနေမှုအခြေအနေ၊ ဒေသအတွင်းတရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှု၊ ဒေသတွင်းခရီးသွားလုပ်ငန်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွရွေးကောက်ပွဲတို့နှင့် စပ်လျဉ်း၍ သိရှိလိုသည်များအား မေးမြန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။

 အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်vဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးစောစံလင်း၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးမန်းကျော်ဝင်းမောင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,