ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၌ “ရတနာမြေ(၂)” စက်သုံးဆီဆိုင် မီးလောင်မှု

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၌ “ရတနာမြေ(၂)” စက်သုံးဆီဆိုင် မီးလောင်မှု


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / October 29, 2025


     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၌ ပိုင်ရှင် ဦးမြတ်ထွန်းပိုင်၏ ၁၂၀ x ၁၂၀ ပေ၊ “ရတနာမြေ(၂)” စက်သုံးဆီဆိုင်တွင် ဆီဆိုင်ဝန်ထမ်း ငြိမ်းကိုနိုင်သည် 6B-XXXX NISSAN ဆီဘောက်ဆာမော်တော်ယာဉ်မှ ဆီတိုင်ကီထဲသို့ ဓာတ်ဆီဖြည့်နေစဉ် ဆီပိုက်ဂေါက်နှင့် ဆီတိုင်ကီ ပွတ်တိုက်မှုဖြစ်ပြီး မီးပွားထွက်၍ မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကရင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးနှင့် ဘားအံခရိုင်၊ မြို့ နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ် ၁၉ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

     အဆိုပါမီးလောင်မှုကြောင့် ၁၂၀ x ၁၂၀ ပေ၊ “ရတနာမြေ(၂)” စက်သုံးဆီဆိုင်၏ မျက်နှာကြက် အနည်းငယ်၊ 6B-XXXX NISSAN ဆီဘောက်ဆာမော်တော်ယာဉ်၏ ခေါင်းပိုင်း၊ အောက်ပိုင်း၊ ကားဆီကန် တစ်ကန်၊ ဆီပန့် နှစ်လုံး၊ ဓာတ်ဆီ(92) ၂၉၀၀ လီတာနှင့် ဆီဆိုင်ရှေ့ရှိ ၁၂ x ၁၅ ပေ၊ RC ရှစ်ခန်းတွဲ တစ်ထပ် အဆောက်အအုံ တစ် လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဆီဆိုင်ဝန်ထမ်း ငြိမ်းကိုနိုင် မီးဟပ်ဒဏ်ရာ (မစိုးရိမ်ရ)အား ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ငြိမ်းကိုနိုင် အား ဘားအံမြို့မရဲ စခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,