စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / July 26, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက်က စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက် ညနေ ၅ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမူကျေးရွာနေ အောင်စိုးမိုး(၃၄)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း။
အလားတူ ည ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ စစ်ကဲကုန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းပဲတန်းရပ်ကွက်၊ ကမ်းနားလမ်းပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မော်လမြိုင်မြို့နယ်၊ ဘိုကုန်းရပ်ကွက်နေ ကောင်းစည်သူ(၂၆)နှစ်အား လိုင်စင်မဲ့ မော်တော် ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း။
ထို့အတူ ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကန်သာယာရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်နေ ဇော်ဇော်ဦး(ခ)ဟမ်ဇား(၃၉)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း။
ထို့အတူ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ သိမ်ဇရပ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သိမ်ဇရပ်မြို့၊ အမှတ်(၁) ရပ်ကွက်ကြီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာနေ ဇင်မိုး(၄၀)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် အောင်စိုးမိုးပါ လေးဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။